အမုန်းများကုန်လွန်သော်
အပိုင်း(၂၁)
"ဘာဖြစ်ပြန်ပြီလည်းကွာမင်းက"
*******
"ညနေသမီးအမပြန်လာမယ်တဲ့ "
"ဟင်မမပြောတော့ မင်္ဂလာဆောင်ခါနီးမှပြန်လာမှာစို"
"ဟဲ့သြော် မနက်ဖြန် ဆောင်တော့မှာလေ ဒီကလေးမကတော့ ကိုယ့်အမ မင်္ဂလာဆောင်မေ့နေရလား တယ်ငါခေါက်လိုက်ရ"
"အဟီးမေ့နေတာ မေမေရ "
မပိုးရယ် နင့်ကို ကူညီချင်ပေမဲ့ ငါဘယ်လိုလုပ်ရမလည်း ဘုန်းမင်က မပိုးကိုချစ်ရင်ချစ်နေမှာ ဒါဆိုငါကကော ...အနာဂတ်ဆိုတာ လူတေရဲ့လက်ထဲမှာမရှိပေမဲ့ မနက်ဖြန်ဆိုတာကတော့ သူမရဲ့လက်ထဲမှာရှိနေတယ် မဟုတ်လား ..ဟူး ခက်ရချည်ရဲ့ ။
"ဟဲ့ရည်ရွယ် ငါခေါက်မိတော့မယ် ကြားလားငါပြောတာ"
"ဘာကြီးပြောလိုက်တာလည်းမေမေ"
"စိတ်၀င်စားမူကိုမရှိဘူး နင်အခုတစ်လောဘာဖြစ်နေတာလည်းဟမ် မနေ့ထဲက ငါကြည့်နေတာ တစ်မိူင်မိူင်တစ်ထွေထွေနဲ့ နင့်အမကိုသွားကြိုတော့လို့ပြောမို့ဟေ့ ဧည့်သည်တစ်ယောက်ပါ ပါလာမယ်တဲ့"
အို ကိုမောင်ကိုပါ ခေါ်လာလိုက်တာလား မပိုးဒီလောက်ထိရဲမှာမဟုတ်နိုင်ပါဘူး ဒါဆိုဘယ်သူလည်း သူငယ်ချင်းတော့မဟုတ်နိုင်ဘူး သူသွားတာကလည်းကိုထက်အာမောင်နဲ့အတူ ပြင်ဦးလွင်ကို တူတူအပန်းဖြေခရီးမျိုးသွားကြတာမဟုတ်လား ဒါကလည်းသူမအပြစ်မလွတ်ဘူး ဘာလို့ဆို သွားဖို့အကြံညဏ်ပေးတာက သူမလေ ရည်ရွယ်မိုးစက်ရဲ့ဘ၀ဟာ တစ်ဖြေးဖြေးနဲ့ပရုတ်လုံးလို လုံးပါးပါးတော့မှာလား ဖိုက်တင်းမနက်ဖြန်အတွက် သူမကိုယ်သူမ အားပြန်ပေးရင်းမပိုးကိုသွားကြိုရာကားလမ်းအတိုင်း ဂရုစိုက်ပြီးကားကိုသေချာမောင်းနေလိုက်၏။
"ဟေ့ယျောင်ဘုန်းမင်းတေဇ ငါတို့ကိုရှင်းစမ်းပါအုန်း မနက်ဖြန် မရည်ရွယ် အမနဲ့ မင်းနဲ့လက်ထပ်တော့မှာစို"စစ်မင်းက မေးတောဘ
"အင်း"
"လ ီးကိုအင်းမေဘေး ခွေးသတောင်းစား"မင်းထွဋ်ခေါင်ကဆဲနေ၏
YOU ARE READING
အမုန်းများကုန်လွန်သော်(complete)✅
Non-Fictionမမနဲ့မောင်လေးရဲ့ပေါ့ပေါ့ပါးပါးလေးပဲဖတ်ရမှာပါ စိုင်ရဲ့ပထမဆုံးအရေးအသားဆိုတော့သိတဲ့အတိုင်းမကောင်းမကန်းလေးပါ fbမှာတင်ထားပြီးပြီမို့ updateကမြန်ပါမယ် စာလုံးပေါင်းစစ်ပြီးတာနဲ့တစ်နေ့ ၃ပိုင်းဖြစ်ဖြစ် ၄ပိုင်းဖြစ်ဖြစ် upပေးမှာပါ အဟဲ