အမုန်းများကုန်လွန် သော်
အပိုင်း(3)
ကျစ်မင်းဘာလို့.... မင်းက ဘာလို့ငါ့အတွေးတည်း ၀င်လာရတာလဲကွာ
တော်ပြီ တော်ပြီ အိပ်တော့မယ်ကွာ မနက်ကြရင် လည်း အလုပ်တွေက လာတော့မယ် ..."သမီးရေ ဒီနေ့ဆိုင်သွားမှာလား"
"မသွားတော့ဘူးမေမေ ..နေ့လယ်လောက်မှ သွားတော့မယ်ဆိုင်ကို"
"အေအေ အဲ့ဒါဆိုသမီးလေး နားနားနေနေ နေလိုက်အုန်း ငါ့သမီးလေးက ပင်ပန်းတယ် ...နင့်တီလေးကိုလည်း မတွေ့မိပါလား "
"ရှိပါတယ် မကြီးရယ် ဒီမှာပါ"
စိုပြီး ဒေါ် မြတ်မင်းမွန်က အားကစား ၀တ်စုံအပြည့်နဲ့ အိမ်တံခါး၀ကနေ ဖိနပ်ချွတ်ရင်းလှန်းပြောနေ၏။"အမလေး ဒေါ်မြတ်မွန် တို့ ဘာစိတ်ကူးတွေပေါက်ပြီး လေ့ကျင့်ခန်းတွေ လုပ်နေရတာတုန်း ဒီနေ့မှ ထူးထူး ခြားခြား "
သူ့မရီး (ပြောရမယ်စိုရင် သူ့အကို မိန်းမပေါ့ )ကလှမ်းမေးတော့"မကြီးကတော့ပြောတော့မယ် တနင်္လာနေ့တိုင်း မြတ်တို့က လေ့ကျင့် ခန်းလုပ်တယ်ဆိုတာ မေ့နေပြီလား "
"ငါမေ့သွားလို့ပါအေ "
"ဟဲ့ ပိုးပိုး"
"ရှင်တီလေး"
"ဒါနဲ့နင့်ညီမကော "
"ရွယ်လေးက အိပ်ခန်းထဲမှာထင်တယ် တီလေး "
"ဘာ အဲ့ကောင်မလေးကအခုချိန်ထိ မထသေးဘူးလား "
"မြတ်မွန်ရေ နင့်တူမကိုသွားနိုးပါအုန်းဟဲ့ ..တစ်ကယ်ထဲမှပဲ မနိုးမချင်းမထဘူးကွယ် ဒီကောင်မလေးကတော့ "
"အင်း ပြောတော့လည်း ဘာလုပ်မယ် ညာလုပ်မယ်နဲ့ ဒီလို အပျင်းကြီးပုံမျိုးနဲ့တော့ ဖြစ်မယ်အားကြီးကြီး "
ပြောပြောစိုစိုနဲ့ ဒေါ်မြတ်မွန်တို့ကတော့ အပေါ်ကို တက်သွားချေပြီ ..
.
တူရီး နှစ်ယောက် လိုက်လည်း လိုက်ပ တစ်ယောက်ကဘူးဆို ဖရုံမသီး
နောက်တစ်ယောက်ကလည်း ဂျစ်တစ်တစ်ကန်တန်တန် ဟုတ်နေပြီ ..သူတောင် အခုတစ်လော မပြောဖြစ်ဘူး ဆိုင်ကိစ္စတွေနဲ့ လုံးပန် နေရတာ ပိုးလေးကလည်း အခု မှ လက်လွဲ ပေးတာစိုတော့ အကုန် လုံးကိုလွတ်ပေးလို့လည်း မရဘူးးအဲ့တော့ အိမ်က တစ်ယောက်က လွတ်လပ်ရေးရနေတာပေါ့
YOU ARE READING
အမုန်းများကုန်လွန်သော်(complete)✅
Non-Fictionမမနဲ့မောင်လေးရဲ့ပေါ့ပေါ့ပါးပါးလေးပဲဖတ်ရမှာပါ စိုင်ရဲ့ပထမဆုံးအရေးအသားဆိုတော့သိတဲ့အတိုင်းမကောင်းမကန်းလေးပါ fbမှာတင်ထားပြီးပြီမို့ updateကမြန်ပါမယ် စာလုံးပေါင်းစစ်ပြီးတာနဲ့တစ်နေ့ ၃ပိုင်းဖြစ်ဖြစ် ၄ပိုင်းဖြစ်ဖြစ် upပေးမှာပါ အဟဲ