အမုန်းများကုန်လွန်သော်
အပိုင်း(9)
"ဟဲ့နင့်ကို bossက ကော်ဖီဖျော်စက်ကြီးမှတ်နေလားမသိဘူး "
လွန်း ကထပြောတော့သူတို့မှာ ရီလိုက်ရသေး ...ညနေရုံးဆင်းချိန် ...
"တာ့တာ့နော် ရွယ်ရွယ်ရေ ..ည ရောက်မှ lineမှာတွေ့မယ် "ခိုင်ဇင်ကပြောပြီးပြန်သွားလေ၏။
"အင်းပါ ..အာ့စိုရွယ်ရွယ်သွားပြီနော် "
သူမနူတ်ဆက်ပြီး ....အိမ်ပြန် မှတ်တိုင်မှာ ကားစောင့်နေလိုက်သည် ...
စည်သူဟိုတစ်ခါကတွေ့ ခဲ့တဲ့ ကောင်မလေးကိုတွေ့ ရနိုးနိုးနဲ့ လာ စောင့်နေတာဒီနေ့ နဲ့ ဆိုလေး ရက်ရှိပြီ ...အရိပ်လေးတောင်မမြင်ရ...ဒီနေ့တော့သူ့အတွက် ...ကံကောင်းလာတယ်ထင်ပါ ရဲ့ ...
ရွယ်ရွယ်လည်း ...ကားစောင့်နေတုန်း သူမကိုတစ်ယောက်ယောက်က ကြည့်နေသလိုခံစားနေရလို့ ဘေးပတ်၀န်းကျင်ကို မျက်စိကစားကြည့်လိုက်တော့....သူမကိုလူတစ်ယောက်ကြည့်နေတာ ...ရုပ်ရည်ကြည့်ရတာတော့သန့် သန့်ပြန့်ပြန့်လေးပါ ...မကောင်းတာလုပ်မဲ့ ပုံတော့မဟုတ်လောက်။
သူမလည်းနောက်ကျောမလုံလို့ ..ပြန်လှည့်ကြည့်တဲ့အချိန် ကြည့်နေတုန်းပဲ ...ရီပြနေတယ် ..အယ်ငါ့ကို ...ဘာလုပ်မို့တုန်းမသိဘူး ...
စည်သူ သူမလေးကိုကြည့်နေရင်းနဲ့ ..ရုတ်တရက်ကိုယ့်ကိုလာကြည့်လာတဲ့မျက်လုံးတစ်စုံနဲ့ သွားတိုးတော့ စည်သူလည်းအူကြောင်ကြောင်နဲ့ပဲရီပြလိုက်ရ၏ ....
မထူးတော့ဘူးဆိုပြီး ....သွားလိုက်ကာ .... "hello အကို့ကို မှတ်မိလားမသိဘူး "
ဟမ် ငါ့စီလာနေပြီ ...ဘယ်လိုလုပ်မတုန်း .....ပိုက်ဆံအိပ်တော့ယူမှာမဟုတ်လောက်ဘူး ...အတွေးတောင်မဆုံးလိုက်သေး
"အမ် "
ပြူးကြောင်ကြောင်လေးနဲ့ သူ့ကိုလာပြန်ကြည့်နေတာချစ်စရာ ..."မင်းမမှတ်မိဘူးလား ...ဟိုတစ်နေ့က ybsပေါ်မှာမင်းခြေထောက်နာနေတုန်းကလေ ..."
"သြော်မှတ်မိပြီ ....ရုတ်တရက်ဆိုတော့ရှင်..အားနာရပါတယ် "
"မဟုတ်တာဗျာ ရပါတယ် မှတ်မိတာနဲ့တင်၀မ်းသာနေပါပြီ "
VOUS LISEZ
အမုန်းများကုန်လွန်သော်(complete)✅
Non-Fictionမမနဲ့မောင်လေးရဲ့ပေါ့ပေါ့ပါးပါးလေးပဲဖတ်ရမှာပါ စိုင်ရဲ့ပထမဆုံးအရေးအသားဆိုတော့သိတဲ့အတိုင်းမကောင်းမကန်းလေးပါ fbမှာတင်ထားပြီးပြီမို့ updateကမြန်ပါမယ် စာလုံးပေါင်းစစ်ပြီးတာနဲ့တစ်နေ့ ၃ပိုင်းဖြစ်ဖြစ် ၄ပိုင်းဖြစ်ဖြစ် upပေးမှာပါ အဟဲ