အမုန်းများကုန်လွန်သော်
အပိုင်း ၁၇
"အခုမှ ဘာရှက်နေတာလည်း နင်ပဲမရရင်သေတော့မယ့်လူလိုဖြစ်နေတာလေ"
"သမီးလေးသဘောကကောဟင်"
"ဟိုအဲ့တာကလေ သမီးစဥ်းစားချင်သေးတယ် တီခင်"
"စဥ်းစားလည်းလက်ထပ်မှာ မစဥ်းစားလည်းလက်ထပ်မှာကိုမကြာကြာအောင် မ ရာ "
"ဟဲ့သား"
"ဒီမှာ ဘုန်းမင်းတေဇ နင့်ကို နင်အထင်ကြီးလွန်းတယ် ငါကနင့်ကိုဘယ်လိုပဲဖြစ်ဖြစ်လက်ထပ်မယ်စိုပြီးဘ၀င်မြှင့်နေတယ်ပေါ့ အဟက် ဆယ်ခါပြန်လဲသေလိုက် နင့်ကိုတော့ငါမယူဘူး သိလား"
"ဟိုသမီးလေးရယ် "
"သမီး ပင်ပန်းနေပြီမို့ သွားတော့မယ် အန်တီခင်"
"ဟယ် ခင်လေးရယ် ငါအားနာလိုက်တာ"
"မဟုတ်တာ ငါကသာတောင်းပန်ရမှာ သားက စကားအပြောအဆိုမတတ်တာကြောင့်ဗွေမယူပါနဲ့ဟယ်"
"ရပါတယ်ဟယ် ငါ့သမီးလည်းဘာထူးတုန်း "
"ပြန်လိုက်အုံးမယ် မိုးခိုင်ရေ အိမ်ကဘိုးတော်အလုပ်ကိစ္စပေါ်လာလို့တဲ့ "
"အေအေ နောက်ခါလည်းလာလည်အုံးသိလား သားကော ကိုယ့်အိမ်လိုသဘောထားပြီး ၀င်ထွက်နော် "
"ဟုတ် အန်တီ ကျွန်တော်တို့ကိုသွားလိုက်ပါအုံးမယ် "
"အေအေ"
"မေမေတို့များ ကိုယ့်သမီးကို ဒီလိုပြောတဲ့သူကို ဧည့်၀ည့်ခံနေရသေးတယ်"
"ဟဲ့ညည်းကကော မဟုတ်လို့လားတူတူပဲကို မနက်ဖြန်တေသဘက်ခါတေ ရွေးနေတာ လက်ထပ်မှာပဲမဟုတ်ဘူးလား"
"ခုမု၂၂ပဲရှိသေးတယ် မေမေကလည်း လက်ထပ်စရာလား ပြီးတော့သူနဲ့ သမီးကလည်း ဘာမှဆိုင်တာမဟူတ်ဘူး သမီးလက်မထပ်နိုင်ဘူးနော်"
"ထိုင်အုန်း သမီး မေမေ ပြောစရာရှိတယ်"
"ဟူတ်"
"အမှန်တိုင်းပြောရရင် မေမေတို့က သမီးတို့နှစ်ယောက်ကို မေမေတို့လုံး၀စိတ်မချဘူး သမီး
နင်က ၂၂တာပြည့်တော့မယ် ကလေးလိုလိုခွေးလိုလိုနဲ့ခုထိမောင်ဘုန်းမင်းမှာက ဘာပြစ်ချက်တေရှိနေလို့ နင်ကအသည်းအသန်အဲ့လောက်ငြင်းနေရတာလည်း "
YOU ARE READING
အမုန်းများကုန်လွန်သော်(complete)✅
Non-Fictionမမနဲ့မောင်လေးရဲ့ပေါ့ပေါ့ပါးပါးလေးပဲဖတ်ရမှာပါ စိုင်ရဲ့ပထမဆုံးအရေးအသားဆိုတော့သိတဲ့အတိုင်းမကောင်းမကန်းလေးပါ fbမှာတင်ထားပြီးပြီမို့ updateကမြန်ပါမယ် စာလုံးပေါင်းစစ်ပြီးတာနဲ့တစ်နေ့ ၃ပိုင်းဖြစ်ဖြစ် ၄ပိုင်းဖြစ်ဖြစ် upပေးမှာပါ အဟဲ