အပိုင်း(၄)

3.5K 105 0
                                    

အမုန်းများကုန်လွန်သော်

( အပိုင်း4)

"ဟဲ့ဘုန်းမင်းတေဇ ထစမ်းငါ့ကိုစျေးလိုက်ပို့လို့နင့်ကိုညထဲကပြောထားတာ"

"ဟာ မာမီကလည်း ခုမှ ၅ခွဲပဲရှိသေးတာကို "

"မလိုချင်ဘူး၅ခွဲတေ၆ခွဲတေအခုထ စောစောသွား မှ ၀ယ်လို့ကောင်းတာ ဘာမှနားမလည်ပဲနဲ့"

"အခုထပြီးပြင်ဆင်၅မိနစ်အချိန်ရမယ် မြန်မြန်လုပ် "

"ဟာ မာမီရာ  ...."

"ငါစကားကို နှစ်ခွန်းမပြောဘူး"

"ပြီးရောပြီးရောဗျာ "
သူလည်းပြင်ဆင်စရာရှိတာပြင်ဆင်ပြီးအောက်ဆင်းလာတော့မာမီက
အစဥ်သင့်ဖြစ်နေပြီ

"သွားမယ် မာမီ "
သူတို့အိမ်နဲ့စျေးနဲ့က နာရီ၀က်လောက်မောင်းရတယ် ...
စျေးသို့ရောက်သော်....

"မာမီ ကျွန်တော် ဒီမှာပဲစောင့်နေတော့မယ်စျေးထဲမလိုက်တော့ဘူး "

"အေအေဘယ်မှလိုက်သ​ေ၀ထိုးမယ် မစဥ်းစားနဲ့နော်ငါခနနေရင်ပြန်လာခဲ့မှာ"

"အင်းပါမာမီရာ "

ဒေါ်တင်မိုးခိုင်တို့အိမ်မှာတော့
" ဟဲ့မိရွယ်ရွယ် ညည်းကိုငါငါးနာရီထိုးထဲက နိုးထားတာ အခုထိမပြီးသေးဘူးလား "

"မေမေရယ် လာပါပြီ တစ်ကယ်ပဲ အော်ကြီးဟစ်ကျယ်နဲ့ "
မိုးမလင်းသေးဘူး သားမိနှစ်ယောက်ရဲ့စစ်ပွဲကစလာပြီ

"ထွက်လာတော့လည်းဒီရုပ်ပဲဘာတေအဲ့လောက်ပြင်နေတာတုန်း "

"အော် မေမေရယ် ကိုယ့်သမီး လေးကိုပြောရက်တယ်နော် ဘောဒီရှိန်းမင်းတေရပ်တန်းကရပ်ပါ"

မပိုးက အပေါ်ထပ်က နေပြီး
"မေမေတို့က မသွားရသေးဘူးလား"

"ဟုတ်တယ် သမီးရေ ညည်းညီမမိရွယ်ပေါ့ မပြီးနိုင်မစီးနိုင်ပြင်နေလို့"

"မပိုး ရွယ်ရွယ်လှတယ်မလား "

"လှပါ့ရှင် ဒီကမ္ဘာမှာ မပိုး ညီမလေး ရွယ်ရွယ်သာအလှဆုံး"

"နောက်မှ ချစ်ကြည်နူး ခုတော့ စျေးသွားရမယ် လာခဲ့"
စိုပြီး အရှေ့က ထွက်သွားသော ဒေါ်တင်မိုးခိုင်

အမုန်းများကုန်လွန်သော်(complete)✅Onde histórias criam vida. Descubra agora