အပိုင်း(၇)

3.1K 95 0
                                    

အမုန်းများကုန်လွန်သော်

အပိုင်း (7)

"ဟဲ့ နင်တော့လေ "

"သွားမယ် တစ်ကယ်ထဲ "

"မေမေ ရွယ့်ကိုကြည့်ပါအုန်း အဆင်ပြေ ရဲ့လား "

"ပြေပါ့ရှင့် "
သူ့သမီးလေးလည်း အခုချိန်တွင်းသနားပါတယ် မိသားစုကို အရမ်းတွေးတတ်လွန်းတယ် ..
"မိရွယ်ရွယ်ရယ် ခုမှ ၆နာရီခွဲပဲရှိပါသေးတယ် ငြိမ်ငြိမ်စိမ်စိမ်ထိုင်စမ်းပါအုန်း"

"အရှေ့က လမ်းကြားထဲ ကွေ့၀င်လိုက်သား "

သူလည်းပြောတဲ့လမ်းကြားထဲ ကွေ့၀င်လိုက်ပြီး မာမီ ပေးတဲ့ အိမ်လိပ်စာရှေ့မှာရပ်လိုက်တယ်..

သူလည်း ခြံရှေ့ရောက်တော့ တီး တီး တီး စိုပြီးကာဟွန်းတီးတော့ .. ကောင်မလေးတစ်ယောက်လာဖွင့်ပေး၏...လက်မာလည်းရွံတေနဲ့ ကြည့်ရတာတော့ အိမ်ကခိုင်းတဲ့ကောင်မလေးတော့ မဟုတ်လောက်ဘူး ..

သူလည်း ကားရပ်ပြီး ခြံထဲ​ေ၀့ကြည့် လိုက်တော့သစ်ပင်လေး တေနဲ့နေချင်စရာ ခုနကကောင်မလေးကတော့ခြံထောင့်မာကုပ်ကုပ် နဲ့ ဘာတေလုပ်နေလည်းမသိ...
"ဟဲ့ သားလာလေ အဲ့မှာဘာရပ်လုပ်နေတာတုန်းလာလေ "

"ဟုတ်လာပြီ မာမီ "

အပိုးလည်း မေမေဧည့်သည်တေလာမယ်ပြောတာကြောင့်တံခါးကိုဒီအတိုင်းပဲဖွင့်ပေးလိုက်တယ်သူမဒီအန်တီအကြောင်းကိုမေမေ နေ့တိုင်းလိုလိုပြောနေတာကြောင့် ပြီးတော့ လည်း ပုံပါမြင်ဖူး ထားတာကြောင့်ကော  အလွယ်ပဲဖွင့်ပေးလိုက်သည် ..
သူမ ခြံထဲစင်းတာ မနက် ငါးနာရီ လောက်ထဲကပန်းတေ ခူးနေတာ ဘုရားကပ်ဖို့ အဲ့တာပြီးတော့ အပင်ခြေရင်းက မြတ်တေဘာတေ နုတ်ရင်းနဲ့ သတိရပြီးနာရီကြည့်လိုက်တော့ ၇နာရီ တောင်ထိုးပြီးပြီပဲ ....

"အို ဘုရားရေ ငါအထည်ဆိုင် သွားရအုံးမှာပဲ မြန်မြန်လုပ်မှ "
ခပ်သုပ်သုပ်လေး ခြေလှမ်းလှမ်းပြီး ဧည့်ခန်းထဲအရောက် ...

"အမလေးမိုးခိုင်ရယ် ငါက ဟိုတစ်လောက ဖန်ပန်းအိုး လေးတွေ့တော့ နင့်ကို သတိရတာ နဲ့၀ယ် ခဲ့တာ ...နင်ကြိုက်တယ်မလား "

အမုန်းများကုန်လွန်သော်(complete)✅Where stories live. Discover now