အပိုင်း(၁၃)

2.6K 79 0
                                    

အမုန်းများကုန်လွန်သော်

အပိုင်း(13)

ကြည့်နေတဲ့လူတစ်ချို့ကိုငါ့အပိုင်စိုတဲ့အကြည့်နဲ့ကြည့်ပေးလိုက်တာအားလုံးကအလိုလို မျက်စိလွဲသွား တယ်။

ရွယ်ရွယ်ပတ်၀န်းကျင်ကိုသတိမထားမိပဲ
"ဟယ်ခိုင်ဇင်နင်တို့တူတူထိုင်တော့ငါကဘယ်သူနဲ့ထိုင်ရမှာလည်း "

"အယ်သူငယ်ချင်းလေးရယ် ဟိုမှာခုံလွတ်ရှိတယ်လေ တို့နဲ့လည်းမျက်စောင်းထိုးလေးကို"

"ဟွန့် ငါ့တစ်ယောက်တည်းဖြစ်နေမှာပေါ့ ပြီးရော ပြီးရော "

ပထမတုန်းကကိုယ့်ကားနဲ့ပဲအေးဆေးလိုက်သွားမို့ပဲ ဟို တစ်ယောက်ရဲ့၀တ်စားမူကြောင့် စိတ်မချတာနဲ့ ပြီးတော့လည်းတစ်ယောက်တည်းထိုင်ရမှာစိုပြီး စိတ်ကောက်နေတဲ့မရွှေချော နားထိုင်ချင်တာလည်းပါတော့ ....

"သန့်စင်ငါအိပ် ကို ကားထဲသွားထည့်"

"အမ် ဆရ့ာကားနဲ့မသွားဘူးလား"

"ထည့်စိုထည့်လေ ဘာတေပေရှည်နေတာတုန်း"

"ဟုတ် ဟုတ်ဆရာ "

နေရာကလည်းကွက်တိ ဖြစ်နေတာ ရွယ်ရွယ်ဘေးနားကတစ်ခုံပဲလွတ်တယ်
သူငါ့ဘေးနားလာထိုင်မှာတော့မဟုတ်ဘူးမလား ...

"ဆရာ ဒီမှာလာထိုင်လေကျွန်တော်အဲ့မှာထိုင်လိမ့်မယ် ဗျ"

သန့်စင်ကအလိုက်မသိပြောနေပြန်ပြီ ဒီကောင်လက်သီးစာမိချင်နေတာပိတ်ထုလိုက်ရ....

မျက်ခုံးတစ်ဖက်ပင့်ပြီးကြည့်လိုက်တော့
"ဟို ဟို ကျွန်တော်ကားစီးရင်အိပ်တတ်လို့ ဒီကောင်တေနဲ့ပဲစီး လိုက်တော့မယ်"
သူတို့ကို ကားထဲမှာရှိတဲ့ နှစ်ရုံးလုံးက (ကုမ္ပဏီတစ်ခုထဲမာမှ ဋ္ဌာနတေကွဲသွားတယ်လေ အဲ့ထဲကသူထိုင်တဲ့မှရုံးချုပ်ရယ် လက်ထောက်ဒုရုံးချုပ် ရယ်)
လူတေကကြည့်နေတော့ ..နဲနဲတော့ ရှက်စိတ်ပေါ်မိတာပေါ့
တော်သေးခိုင်ဇင်က အလိုက်တသိ ပြောလို့
"ဆရာ့ ရွယ်ရွယ် နားမှာခုံ အပိုရှိတယ် ကျန်တဲ့လူတေကြ အိပ်တေနဲ့စိုတော့ ထိုင်ရထရတာခက်မှာဆိုးတော့ ဆရာအဲ့မှာ အဆင်ပြေရဲ့လား "

အမုန်းများကုန်လွန်သော်(complete)✅Where stories live. Discover now