အပိုင်း(၁၁)

2.8K 89 0
                                    

အမုန်းများကုန်လွန်သော်

အပိုင်း(11)

"အမလေး "

"ဟာ ဟေ့ဟေ့ "
ဘုန်းမင်းလည်း အမြန်လှမ်းဖမ်းလိုက်ရသည် သူမှ မဖမ်းရင်အောက်ကသမန်တလင်းကခေါင်းနဲ့ မိတ်ဆက်သွားမှာ မဟုတ်လား။

ရွယ်ရွယ်ပြုတ်ကြပြီအထင်နဲ့မျက်လုံးဇွတ်မှိတ်နေတာ ..၁စက္ကန့် ၂စက္ကန့်
၃စက္ကန့် ..ဟမ် ငါ့မပြုတ်ကြဘူးလား...

"ဟေ့ ဟေ့ မရည်ရွယ်မိုးစက် ..မရည်ရွယ်မိုးစက် ကျစ် ထကြည့်အုန်းမျက်လုံးဖွင့်ဘာမှမဖြစ်ဘူး "

မျက်လုံးလေးမသိမသာဖွင့်ကြည့်တော့ ဟမ် boss...  သူ့လက်မောင်းကိုဆွဲကိုင်ထားပြီး...သူ့မကိုကြခါးကနေပွေ့ထားတာ ပြီးတော့ကြရုံးအဆင်းအတက်ကြီးမှာ ..ဟိုလူကကြည့်သွားလိုက် ဒီလူကကြည့်သွားလိုက်နဲ့ ..အာ ရှက်စရာ
"ဟို ဟို boss....ရွယ်ရွယ် အလျင်လိုနေလို့ ..ဆွဲမိဆွဲရာဆွဲလိုက်တာပါ "

"ဘာပြောလို့တုန်း "

"အမ် "
သူမ မှာသာစောက်ရူးကြီးကြလို့ ..အာဟသေတော့မှာပဲမနက်စာ လာ၀ယ်တာပါဆို ...ကော်ဖီ မဖျော်ရသေးဘူးသွားပြီ ...ကယ်ကြပါကော်ဖီအေးနဲ့ အသားညှပ်ပေါင်မုန့်၂ခု၀ယ်ပြီး ..အမြန် ပြန်တတ်ခဲ့ရသည် ....

"ဒေါက် ဒေါက် bossရွယ်ရွယ်၀င်လာပြီနော်"

ခနလေးနော် အမြန်သွားဖျော်ပေးမယ်ဆိုပြီးသူမ၀ယ်လာတဲ့ ပေါင်မုန့်ကိုနှစ်ကိုက် ကိုက်ပြီးကော်ဖီအေး တစ်ငုံသောက်ကာပြီးတော့ မှ ..

"ခန ငါအဲ့ဒါသောက်ချင်တယ် "

"အဟွတ် အဟွတ် ..အဟွတ် "
ရွယ်ရွယ်စားထားတာတွေ နင်တောင်နင်၏။
"ရော့ရော့ ဒီမှာ ရေ သောက်လိုက် "
ဗူးဖုံးဖွင့်ပြီး လာပေးတော့ သူမလည်းသောက်လိုက်ရသည် ဒီထက်ပိုမဆိုးခင်အမြန်မြိုချပြီး

"ဟို bossခန အဲ့ဒါစိုသွား၀ယ်လိုက်အုန်းမယ် "

"၀ယ်နေရင် ကြာတယ် အဲ့ဟာပဲ သောက်မယ် မင်းနှစ်ခု ၀ယ်ထားတာမလား ..တစ်ခုလာပေး "

"ဟိုbossသောက်ပြီးသားကြီးလေ ..."

"အဲ့တော့ "

"အင်အင်ရော့ .."
သူမ မပေးချင်ပဲနဲ့ ပေးလိုက်ရတော့ ရုပ်က စူပုတ်ပုတ်  နဲ့ ဘုန်းမင်း ရီချင်စိတ်ကို မနဲထိန်းထားရသည်လေ

အမုန်းများကုန်လွန်သော်(complete)✅Where stories live. Discover now