အမုန်းများကုန်လွန်သော်
အပိုင်း(၂၂)
"အိုငါ့သမီးလေးက ချစ်စရာလေးပါလား ဒီလိုလေးပြင်လိုက်တော့"
"ဒါဆိုသမီးက မပြင်ရင်မလှဘူးပေါ့ဟုတ်လား"
"ဒီသားမိတေ ဘာတေပြောနေကြတာတုန်း ပြီးသွားကြပြီလား"
"ဟုတ်ရွယ်ရွယ် တို့ပြီးသွားပြီအန်တီ"
"အို ဒီကလေးမလေးကတော့ နောက်နာရီ၀က်လောက်ဆို မင်္ဂလာပဲဆောင်ရတော့မယ် ဘာအန်တီတုန်း သမီးရဲ့ မာမီလို့ပြောင်းခေါ်တော့လေကွယ်"
အမိန့်ပေးတာလည်းမဆန်တဲ့သူမကိုလေသံအေးအေးလေးနဲ့ပြောတော့ သြော်ယောက္ခမတို့ ဇာတိတေပြလာပြီ ထင်ပါရဲ့ မေမေ့ရှေ့မှာ ဒီလိုကြီးခေါ်ခိုင်းတော့ နဲနဲတော့ရိူးတိုးရှမ်းတမ်းနဲ့ နေရထိုင်ရခက်စေတယ်
"ဟုတ် မာမီ"
"မာမီ ဒါဆို သားကိုလွတ်လိုက်မယ်နော် လာမိုးခိုင် သွားမယ်"
ပြောလည်းပြောမေ့မေ့လက်ကိုပါ တစ်ခါတည်းဆွဲသွားတော့ သူမမှာ အခန်းထဲတစ်ယောက်တည်း ဘုန်းမင်းတေဇဆိုတဲ့သူလာရင် လည်းဘယ်လိုတေမျက်နှာချင်းဆိုင်ရမလည်းဟူး ..ဘယ်လိုပဲပြသနာတေကို ဖြေရှင်းပြီးတယ်ပဲထား သူမအတွေးလွန်နေရင်းနဲ့ တစ်ဆက်တည်းမှာပဲ
ကျွန်တော်၀င်လာခဲ့မယ်နော်ဆိုတဲ့အသံခပ်သြသြအသံ အမိန့်သံဆန်ဆန်နဲ့ တံခါးအပြင်ကနေအသံပြုတော့"အင်း၀င်လာခဲ့လေ"
"ပြီးပြီးလား ဒါဆိုသွားကြမယ်လေ"
"ခန "
ခုနက သူမကိုအလှပြင်ပေးနေရင်းဖေဖေကသူတို့ အမွေအနှစ် ဘိုးဘွားပစ္စည်းအဖြစ်သိမ်းထားခဲ့တဲ့ ငှက်ရုပ်ပုံရင်ထိုးကျောက်စီကို သတိုးသားအခန်းထဲဒါမထည့်ပေးလိုက်ရလို့ လာရင်တပ်ပေးပါအုန်းဆိုပြီး မှန်တင်ခုံပေါ်တင်ခဲ့လေရဲ့
"ဘာလုပ်ဖို့ကျန်သေးလို့လည်း"
"ဟိုးခုနက ဖေဖေက မင်းလာရင် ဒါတပ်ပေးဖို့ပြောခဲ့လို့လေ ခါးနဲနဲကိုင်းပေးပါလား"
"တပ်ပေးချင်တာမလား တပ်ပေးချင်ရင်မှီအောင်တပ်လေ"
သူမရိပ်မိပါတယ် နာမ်စားကိုဖြောက်ပြီးသူမကိုစကားပြောနေတာ
သူမအရပ်ကအမှန်ဆိုအဲ့လောက်ထိမပုပါ သူကလိုတာထက်ကိုပိုပြီးရှည်နေတာလေ။
ဘုန်းမင်းသူပြောလိုက်တော့ စိတ်ရူပ်ထွေးတဲ့မျက်နှာလေးကအတိုင်းသား အဟုတ် "မ"ကသူ့ရင်ထဲမှာရှိတဲ့အတိုင်းစိတ်ကမျက်နှာပေါ်မှာချက်ချင်းတန်းပေါ်လာတက်သည်။
မမှီမကမ်းနဲ့ခြေဖျားလေးထောက်ပြီးခေါင်းလေးမော့ပြီးအတင်းတက်ပေးနေပုံက ဆွဲမွေ့ပြီးနမ်းချင်စရာ
ဒီအဒေါ်ကြီးပေါက်စလေးကလေ လူကိုတော်တော်မြူစွယ်နိုင်တယ် ပြုတ်ကြတော့မှာပဲ သုံးလက်မဒေါက်နဲ့ကိုမှခြေဖျားပါထောက်ထားသေးတော့ အဟင်း မင်္ဂလာခန်းမထဲမ၀င်ခင် ဆေးရုံခန်းထဲအရင်၀င်နေရအုံးမယ် ကလေးမဟုတ်ဘာမဟုတ်နဲ့ ကိုယ့်ဘေးကိုယ်မကြည့်တက်ဘူး ပြောရင်လည်းနူတ်ခမ်းတစ်ထောင်လောက်ဆူပြီး မခေါ်ပဲနေအုံးမယ်။
YOU ARE READING
အမုန်းများကုန်လွန်သော်(complete)✅
Non-Fictionမမနဲ့မောင်လေးရဲ့ပေါ့ပေါ့ပါးပါးလေးပဲဖတ်ရမှာပါ စိုင်ရဲ့ပထမဆုံးအရေးအသားဆိုတော့သိတဲ့အတိုင်းမကောင်းမကန်းလေးပါ fbမှာတင်ထားပြီးပြီမို့ updateကမြန်ပါမယ် စာလုံးပေါင်းစစ်ပြီးတာနဲ့တစ်နေ့ ၃ပိုင်းဖြစ်ဖြစ် ၄ပိုင်းဖြစ်ဖြစ် upပေးမှာပါ အဟဲ