အပိုင်း(၅)

3.6K 102 1
                                    

အမုန်းများကုန်လွန်သော်

အပိုင်း(၅)

ကားပေါ်မှာလည်း မာမီကတပြုံးပြုံးနဲ့  တစ်ယောက်တည်းဘာတေတွေးနေတုန်းမသိဘူး
သေချာတာကတော့သူ့အကြောင်းမဟုတ်တာပဲ

အိမ်ရောက်ခံနီးတော့ သူမနေနိုင်တော့ဘူး
"မာမီ တစ်လမ်းလုံးဘာလို့ပြုံးနေတာလည်း"

"နင့်အရာလားကိုယ့်ဟာကိုသေချာကားမောင်း "

"မေမေရေ့  မေမေ"
အသံလေးနည်းနည်းလေးနိမ့် ပြီး ခေါ်ကြည့်လိုက်တော့  ဘယ်သူမှလည်း မတွေ့ဘူးဧည့်ခန်း ထဲမှာ
အမလေး မေမေမရှိတုန်း အပေါ်ကိုအမြန်တက်မှ ဟိဟိ ...

"ဟဲ့ရည်ရွယ်မိုးစက် "
ဟမ်မေမေကြီးလားဘယ်ကထွက်လာတာတုန်း ဘုရားကယ်ပါ  မပိုးကယ်ပါ ..တီလေး ကယ်ပါကယ်ကြပါ  

"လာခဲ့စမ်းညည်းကိုငါဆိုင်မှာထိုင်စာင့်နေပါလို့ပြောထားတာနားမပါဘူးလား ဟမ် "
ပြောလည်းပြောလက်ကလည်းနားကိုဆွဲပြီးသားပဲ

"အား အား သေပါပြီမေမေရေ့  .. နာတယ်မေမေရ "

"နာတယ် ဟုတ်လား ခုတော့နာမှန်းသိပြီပေါ့ ပြောစကားကြနားမထောင်ဘူး "

"ဟီး ဟီး  ..မေမေကလည်း ရွယ်​ရှင်းပြောတာကြ နားမထောင်ဘူးဇွတ်ပြောမယ်စိုတာကြီးပဲ "

"ညည်းငါ့ကိုပြန်ခံပြောနေတာလားဟမ်"( ရှင်းပြတာနဲ့ပြန်ခံပြောတာမတူဘူးစိုတာ မေမေ မသိဘူးလား)

"ငှက်မွှေး သွားယူခဲ့စမ်း ..သွားယူသွား "

"ဟီး မေမေကတစ်ကယ် ရိုက်မှာလား "

"သွားသွား မျက်ရည်တစမ်းစမ်း နဲ့ လုပ်မနေ နဲ့ သွားယူစိုယူခဲ့ ငါဒီထက်ပိုမကြမ်း ချင်ဘူးနော်ရည်ရွယ်မိုးစက်"

"ဟီး တီလေးရေ ကယ်ပါ "
************&*************
"ဘုန်းမင်းရေသား "
အဲ့မယ် မာမီက သူ့ကိုထူးထူးဆန်းဆန်း ဘာတေ ပြောမို့ပါလိမ့် သားရေစိုပဲ

" မာမီကို အသိမိတ်ဆွေ တစ်ယောက် အိမ်ကို ပစ္စည်းသွားပို့ပေးပါအုန်း "

"ဟာမေမေရာ အိမ်ထဲ ခုမှ၀င်ရမှာလေ ဗျာ... မောင်တူးကိုပဲလွှတ်လိုက်  ကျွန်တော်မသွားဘူးနော်"

အမုန်းများကုန်လွန်သော်(complete)✅Where stories live. Discover now