"မသိရသေးဘူး ဒေါက်တာ!''
အန်နာ၏ စကားဆုံးသည်နှင့် လော်ယွင်ရှီးမှာ ဆေးရုံအုပ်ဆီ အလျှင်အမြန်သွားလိုက်သည်။ မရေရာသည့် သူ့အတွေးဟာ သူ့ကိုယ်သူမသိလိုက်ခင်မှာပင် သူ့ကိုအလောတကြီး ဖြစ်လာစေခဲ့သည်။ ဆေးရုံအုပ်၏ အခန်းတံခါးကို အလောတကြီးပင်ဆွဲဖွင့်လိုက်ပြီးသော် သူပြောလိုက်သည်။
"NO. 49!''
ဆေးရုံအုပ်ချင် ကသူ့ကို အလုပ်လုပ်နေရင်း မော့ကြည့်လာသည်။
"အခက်တွေ့စရာရှိလို့လား ဒေါက်တာလော်...''
လော်ယွင်ရှီး ေခါင်းခါလိုက်ပေသည်။
"ကျွန်တော် NO. 49ရဲ့ profileကို သိခွင့်ရှိမလားဗျ...''
ဆေးရုံအုပ်ချင်က ခဏတာ စဥ်းစားနေပြီးမှ ဘာမှအရေးမကြီးသည့်ဟန် ဆိုသည်။
"ရတယ်လေ... ''
သူက စက္ကူဖိုင်လေးတစ်ခုကို လော်ယွင်ရှီး ရှေ့သို့ချပေးလိုက်ပေသည်။
"ကိစ္စမရှိပါဘူး မင်းယူကြည့်ပါ...''
"ကျေးဇူးတင်ပါတယ်ဗျ...''
လော်ယွင်ရှီး ကျေးဇူးတင်စကားဆိုလိုက်ပြီး ထိုဖိုင်လေးပိုက်လျှက် ပြန်ထွက်လာခဲ့လိုက်သည်။ သူပင်ပန်းနေပါပြီ။ အနားယူချင်လှသည်။ သို့သော် သူ NO. 49ရဲ့ profile ကို ကြည့်ဖြစ်အောင်ကြည့်လိုက်သေးသည်။
အမည် - ချန်ဖေးယွီ
အသက် - ၂၁
ရောဂါလက္ခဏာ စတင်ချိန် - မွေးရာပါ(အသက် ၁၆နှစ်မှာ သိသာထင်ရှား)
ကျူးလွန်သည့်ပြစ်မှု - မရှိ
ပြစ်မှုကျူးလွန်ခြင်း - (ဗလာ)
လော်ယွင်ရှီး မှာ စာရွက်အလွတ်ကိုကိုင်လျှက် ငြိမ်သက်နေပေသည်။ ပြစ်မှုမရှိသေးဘဲ သူတို့ဆီရောက်လာသည့် လူနာက ဤတစ်ယောက်သာရှိသေးသည်။ ပုံမှန်ဆိုလျှင် ပြစ်မှုကျူးလွန်ခြင်း၌ အနည်းဆုံးတော့ စာတစ်မျက်နှာရှိသည့် လွန်လွန်ကျူးကျူး ရူးနှမ်းသည့်အကြောင်းအရာများ ရှိရပေမည်။ ယခုမူ ထိုသို့မရှိဘဲနှင့် သူက စိတ်ဝေဒနာရှင်တစ်ယောက်ဟု အဘယ်ကြောင့်သတ်မှတ်ခံခဲ့ရသနည်း။ သူ နေရာမှ ဝုန်းကနဲထရပ်လိုက်ပေသည်။ သူ ဆေးရုံအုပ်ထံ နောက်တစ်ကြိမ် ရောက်ရှိလာပြန်ပေပြီ။
YOU ARE READING
NO. 49 (uni+zaw)