ချွမ်ဖေသူ့နတ်နန်းဆောင်သို့ ပြန်ရောက်သည်နှင့် ထိုင်ပင်မထိုင်လိုက်ရသေး သူ့အဆောင်ရှေ့မှ တံခါးခေါက်သံထွက်ပေါ်လာတော့သည်။ လောင်ကျိုးတစ်ယောက် ချန်ဖေးယွီ နောက်သို့ မပြောမဆို လိုက်ချသွားသည့် ကိစ္စသိပြီးသည့်နောက် ဧကရာဇ်က သူတို့အား ညသန်းခေါင်ယံချိန်ကျော်၍ နှစ်နာရီစွန်းသည်နှင့် လူစစ်ရန် အမိန့်ချခဲ့ပေသည်။ မည်သည့်နတ်ဘုရား တစ်စုံတစ်ဦးမျှ သတိမပေး ခွင့်မတောင်းဘဲ အမတမြို့တော်မှ ထွက်ခွာခြင်းမပြုရ။ မနက်နှစ်နာရီပြည့်သည်နှင့် မိမိကိုယ်ပိုင် နတ်နန်းဆောင်၌ ရှိရမည်။ မရှိပါက ရာထူးလျှော့ချမည်ဟူ၍ တင်းကြပ်သည့်စည်းကမ်းများ ထုတ်ခဲ့ပေ၏။ ချွမ်ဖေမှာ အမောဖြေရန် အသက်ပြင်းပြင်းတစ်ချက်ချလိုက်ပြီးနောက် တံခါးဖွင့်လိုက်ပေသည်။
"ချွမ်ဖေ စစ်သည်တော်...အတည်ပြုလက်မှတ်ထိုးပေးပါ...''
ချွမ်ဖေမှာ အံ့ဩဝမ်းသာနှင့် သူ့ရှေ့၌ ပေလိပ်ကိုင်လျှက် ရပ်နေသည့် နတ်စစ်သည်တော်လေးအား မေးလိုက်သည်။
"တာ့ဝေ ဘယ်လိုလုပ် မင်းဖြစ်နေတာလဲ?''
ထိုအခါမှ ယဥ်ကျေးမှုထုံးတမ်းအစဥ်အလာတွေကို ဘေးချကာ တာ့ဝေက ချွမ်ဖေအား လက်ဖြင့်ရွယ်လိုက်ကာ နှာမှုတ်လျှက်ဆိုလေသည်။
"ဒါက မင်းတို့ကြောင့်ပဲမဟုတ်ဘူးလား?''
"ချန်ယောင်ရော...?''
တာ့ဝေက ဘောက်ဆတ်ဆတ်ဖြေသည်။
"လဲသွားပြီ...''
ချန်ယောင်သည် စာပေနတ်ဘုရားမလေး ဖြစ်ပြီး လူစစ်စာရင်းကို ကိုင်တွယ်ရန်မှာ သေချာပေါက် သူမ၏တာဝန်သာ ဖြစ်ပေ၏။ သို့သော် တာ့ဝေက သူမအား မည်သို့လှည့်ဖျား၍ သေရည်မူးသွားစေခဲ့သနည်းတော့ မသိပေ။ မည်သို့ပင် ဆိုစေကာမူ ချွမ်ဖေအနေနှင့်တော့ "ငါကျေနပ်တယ်'' ပင်။
ချွမ်ဖေက ရှိသမျှသွား အကုန်ပေါ်အောင် ရယ်ပြလိုက်ပြီးနောက် ဆိုလေသည်။"ကျေးဇူးပါကွာ...ကျေးဇူးပါ...''
..................×××
ချန်ဖေးယွီ တစ်နေ့လုံးမေ့မျောနေပြီး နောက်တစ်နေ့ ပြန်နိုးလာသည်နှင့် မျက်လုံးဖွင့်ဖွင့်ချင်း မြင်လိုက်ရသည်က ညီဖြစ်သူပင်။ သူ့နိုးလာသည်အား မြင်သည်နှင့် ပြုံးပြကာ နှုတ်ဆက်ပေသည်။
YOU ARE READING
NO. 49 (uni+zaw)