Episode (7)[အမှား]

49 13 2
                                    

ချွမ်ဖေက သူ့လက်ကိုမြှောက်လိုက်ကာ နှုတ်ခမ်းနဲ့ နှာခေါင်းကို ထိုးပြသည်။

"နှုတ်ခမ်းပါးပါး နှာတံချွန်ချွန်နဲ့ ယွင်ရှီးနဲ့ရုပ်ချင်းဆင်တယ်လေ...''

ကျိုးချီမှာ စဥ်းပင်မစဥ်းစား။ ချက်ချင်းပင် သူ့လက်ကိုကာကာ ယတိပြတ်ငြင်းဆန်သည်။

"ဒေါက်တာလော်နဲ့ဆင်တဲ့လူ...? တစ်ယောက်မှမရှိဘူး...သူ့အဖေတောင် သူနဲ့တစ်စက်ကလေးမှ မတူဘူး...''

ချွမ်ဖေက ခဏတာစဥ်းစားနေပြီးမှ လက်ဖြောက်တစ်ချက်တီးလိုက်လေသည်။

"အဲ့တာက သံသယဝင်စရာပဲလေ...''

ကျိုးချီက နားမလည်သလို မေးမိသည်။

"ဘာက သံသယဝင်စရာလဲ?''

ွပြူးကြောင်ကြောင်လုပ်နေသည့် ကျိုးချီကြောင့် ချွမ်ဖေမှာ မရိုးမရွနှင့် စနောက်ချင်စိတ်ပေါက်လာပေသည်။ သူက ကိုယ်ကို အနည်းငယ်ကိုင်းလိုက်ပြီးသော် ကျိုးချီ၏ မျက်နှာနားသို့ကပ်ကာ ပြုံးလိုက်ပေသည်။

"မင်းနဲ့ငါ တစ်ဦးသုံးသန့်စင်ခန်းထဲ အတူရှိနေတာကလေ...''

ကျိုးချီက ချွမ်ဖေ၏ ရင်ဘတ်ကို ဘတ်ကနဲ ပိတ်တွန်းလိုက်ကာ အံကြိတ်လျှက်ဆိုသည်။

"ပေါက်ကရပြောနေပြန်ပြီ...အကြောင်းမရှိရင် ငါထွက်တော့မယ်...''

တံခါးလက်ကိုင်ကို လှမ်းလိုက်သည့် ကျိုးချီ၏ လက်ကို ချွမ်ဖေက ကမမ်းကတမ်း ဆွဲလိုက်ပေသည်။

"အဲ...အဲ နေပါဦး...ငါနောက်တာပါ...''

ကျိုးချီ သက်ပြင်းချကာ လှည့်ကြည့်လိုက်သည်။ ချွမ်ဖေက ချောင်းနှစ်ချက်ခန့်ဟန့်လိုက်ကာ ဤတစ်ကြိမ်တော့ အလေးအနက်ဆိုလာပေသည်။

"မင်း သတိထားပါ...ဧကရာဇ်...သူ...''

"သူဘာဖြစ်လဲ?''

"သူ မင်းကို မှတ်မိနိုင်တယ်...ပြီးတော့ သူ့ရဲ့အသွင်စစ်ကို ဖုံးထားပုံရတယ်...လောင်ကျိုး မင်းရူးချင်ယောင်ဆောင်နေတာကိုတောင် သူသိကောင်း သိနိုင်တယ်...''

ကျိုးချီက သူ့လက်ကို ဆုပ်ကိုင်ထားသည့် ချွမ်ဖေ၏ လက်ကို ခါထုတ်လိုက်ကာ အင်္ကျီရင်ဘတ်နှင့် သူ့လက်အား ပွတ်သုတ်လိုက်ပေသည်။ ချွမ်ဖေ့ဆီမှ အညစ်အကြေးများနှင့် ထိမိသည့်နှယ်။ မချိမဆန့်ရွံရှာသဖြင့် သေတော့မည့်နှယ် မျက်နှာကိုရှုံ့မဲ့လျှက်။ လွန်စွာမှ အသက်ဝင်လှပါ၏။ ထို့နောက်ပြောလိုက်ပေသည်။

NO. 49 (uni+zaw)Tahanan ng mga kuwento. Tumuklas ngayon