ကျိုးချီအား သိုင်းဖက်ထားသည့် ချန်ဖေးယွီ၏ လက်များသည် လုံးဝကို တုန်ရီနေပြီး စိတ်ဝေဒနါသည် အမျိုးသမီးထံကျရောက်နေသည့် မျက်ဝန်းများက ပြူးကျယ်နေရင်းမှ မျက်ကြောများက ထင်းနေလျှက်။
သူက အလန့်တကြား ရွတ်ဆိုလိုက်သည်။
"မ မဟုတ်ဘူး ငါမလုပ်ဘူး...''
ကျိုးချီမှာ ချန်ဖေးယွီအား နှစ်သိမ့်ပေးရန်လက်လှမ်းလိုက်ပြီးမှ သူ့လက်တစ်ဖက်ကလှုပ်မရတော့အောင် ကျိုးသွားပြီဖြစ်ပြီး ကျန်လက်တစ်ဖက်မှာ ချန်ဖေးယွီ၏ ပွေ့ဖက်ထားမှုကြောင့် မြှောက်မရနိုင်မှန်း သဘောပေါက်လိုက်ရပေသည်။ သူက ပင်ပန်းနွမ်းနယ်စွာ ဆိုလိုက်ပေသည်။
"ဒါပေါ့...အစ်ကို တမင်မရည်ရွယ်မှန်းသိပါတယ်...''
ခရီးက ပြန်လာသည့် ဒုဆေးရုံအုပ်အား သွားကြိုရသည့် လော်ယွင်ရှီးတို့ ပြန်ရောက်လာသည့်အခါ ပွက်လောရိုက်နေသည့် ထိုအခြေအနေကြားသို့ လော်ယွင်ရှီးက ရှေ့ဆုံးမှ အပြေးရောက်လာပါ၏။ သူလူအနည်းငယ်ကို တိုးဝှေ့လိုက်ပြီးနောက် ချည်အင်္ကျီအဖြူရောင်၌ ပေါက်ထွက်နေသည့် သွေးရဲရဲများလွှမ်းနေသည့် ချန်ဖေးယွီ၏ ကျောပြင်အား အရင်မြင်လိုက်ရပေသည်။ သူ အမြန်ဆုံးပြေးထူရန် ပြင်လိုက်သော်ငြား ချန်ဖေးယွီ၏ လက်ထဲ၌ လူတစ်ယောက်အား ပွေ့ဖက်ထားကြောင်း တွေ့လိုက်ရပေသည်။ အနောက်ဘက်မှ မြင်ရသည်မို့ ဘယ်သူဘယ်ဝါမှန်း အတတ်မသိနိုင်။ သူတို့နံဘေး၌ လည်ပင်းကို ကိုင်ကာ ချောင်းတဟွတ်ဟွတ်ဆိုးရင်း မျက်ရည်လည်ရွှဲ နှင့် မျက်နှာများ နီရဲနေကာ အသက်လုရှူနေရသည့် အမျိုးသမီးတစ်ဦးကိုလဲတွေ့ရပြီး လုံခြုံရေးများ နှင့် အခြားလူနာများလည်း ဝိုင်းအုံနေလျှက်။
လော်ယွင်ရှီးက တိုးတိုး တိုးတိုးနှင့် တယောက်တစ်ပေါက်ပြောနေကြသည့် အသံများကို ဖုံးအုပ်သွားအောင် အသံကျယ်ကျယ် နှင့် မေးလိုက်သည်။
"ဒါ ဘယ်လိုဖြစ်ကြတာလဲ?''
တစ်ခန်းလုံး တစပြင်ကဲ့သို့ တိတ်ဆိတ်သွားတော့သည်။ ချန်ဖေးယွီမှာ လော်ယွင်ရှီးအား လှည့်ကြည့်လာသော်ငြား သူ့မျက်ဝန်းများမှာ အသက်မဲ့နေဆဲ။ သူက အသက်မဲ့နေသည့်လူသေတစ်ယောက် စကားထပြောသည့်နှယ် ပါးစပ်သာဟလျှက် ဆိုသည်။
ESTÁS LEYENDO
NO. 49 (uni+zaw)