{မထင်မရှား အကူအညီကြောင့် ဖခင်အားဆုံးရှုံးရပြီး ဧကရာဇ်ကိုပါ ဒေါသထွက်စေသဖြင့် သူတော်စင်ချန် ရာထူးလျောခံရခြင်း}
ထိုကိစ္စပြီးသည်နှင့် ချန်ဖေးယွီသည် သူ၏ နတ်နန်းဆောင်၌ အကျယ်ချုပ်ခံလိုက်ရတော့သည်။ ကျိုးချီနှင့် ချွမ်ဖေသည် သူ့အတွက် ကြိုးကြိုးစားစား တောင်းပန်ခဲ့သော်ငြား ဧကရာဇ်လော်သည်ကား အမြဲတစေ အေးစက်ခက်ထန်ကာ စည်းကမ်းအရာ၌ အတိမ်းအစောင်းမခံတတ်သည့်သူမျိုးပင်။ နတ်ဘုရားအစည်းအဝေးပြုတိုင်း ရောက်မလာတတ်ဘဲ ေလလွင့်နေသည့် ချန်ဖေးယွီအား ယခင်ကတည်းက မသိချင်ယောင်ဆောင်ပေးထားသည်ကပင် သူ့အနေနှင့် လွန်လှလေပြီ။
သို့သော် ၎င်းအကျိုးဆက်က ဘာဖြစ်သွားသနည်း။ ချန်ဖေးယွီ အကျယ်ချုပ်ခံရကာ နန်းဆောင်အပြင်မထွက်ရသည့်အချိန်မှာပင် လူ့ပြည်ရှိ သူ၏ဖခင်သည် အပြင်းအထန်ဖျား၍ ကွယ်လွန်သွားတော့သည်။ သတင်းကြားသည်နှင့် ချန်ဖေးယွီသည် ဧကရာဇ်ထံ အပြေးအလွှားသွား၍ တောင်းပန်ခဲ့ပါသော်ငြား ဧကရာဇ်သည် သူ့အား တွေ့ရန်ငြင်းဆန်ခဲ့ပေ၏။ ဧကရာဇ်နန်းဆောင်ရှေ့၌ သူတစ်ညလုံးလုံး ဒူးထောက်ကာ စောင့်ဆိုင်းခဲ့သော်ငြား ဧကရာဇ်သည် အပြစ်သားနှင့် တွေ့ရန် စိတ်ကူးလုံးလုံးမရှိပုံရသည်။
နောက်ဆုံးတော့ ချန်ဖေးယွီ။ သူဘာလုပ်ခဲ့သနည်း။ ခွင့်ပြုချက်မယူဘဲ အကျယ်ချုပ်ခံထားလျှက်ပင် နောက်တစ်ကြိမ် လူ့ပြည်သို့ ခုန်ဆင်းချသွားခဲ့လေသည်။ ရလဒ်အနေနှင့်မူ သူသည် ကောင်းကင်ဘုံသို့ပြန်ရောက်သွားချိန်၌ ဧကရာဇ်နှင့် စကားများ ရန်ဖြစ်ပြီးနောက် သူ၏ စိတ်စွမ်းအင်များ ချိတ်ပိတ်ခံလိုက်ရပြီး ရာထူးလျှောချခံလိုက်ရတော့သည်။
သူသည် ဖခင်ဖြစ်သူ၏ တောင်းတင်းအေးစက်နေသော အလောင်းနံဘေး၌ အကြာကြီးငိုကြွေးခဲ့သည်။
သူဘာတွေများ လုပ်မိပါသနည်း။ သူ့အနေနှင့် အနေသာကြီး နေနိုင်လျှက်နှင့် အဘယ်ကြောင့် လူ့လောကရှိ မဆီမဆိုင်ကိစ္စများ၌ ဝင်ရောက် ဖြေရှင်းနေမိသည်မသိ။ လုံးဝ အဓိပ္ပါယ် မရှိပါချေ။ သူ ထိုအချိန်က မိမိကိုယ်ကိုသာ အပြစ်တင်ခဲ့သည်။ သူသာ ထိုသို့ လျှောက်သွားမနေခဲ့ပါလျှင်။ ဧကရာဇ်က အစည်းအဝေးခေါ်တိုင်း ရောက်ခဲ့ပါလျှင်။ ကောင်းကင်ဘုံ၏ စည်းမျဥ်းစည်းကမ်းများကိုသာ နားထောင်ခဲ့ပါလျှင်။ သေချာပေါက် ယခုလိုမျိုး သူ့ဖခင်၏ အေးစက်နေသည့် အလောင်းနံဘေး၌ ငိုနေစရာမလိုပါပေ။ သူသည်သာ ဧကရာဇ်၏ အလိုအတိုင်း ပြုမူခဲ့ပါမူ ဧကရာဇ်သည် ယခုလို အခြေအနေမျိုး၌ သူ့အား အခွင့်မရေး ပေးကောင်းပေးနိုင်ပါသည်။
ESTÁS LEYENDO
NO. 49 (uni+zaw)