Episode (1)[NO. 49]

156 22 0
                                    

**လူတစ်ယောက်ကို ရူးသွပ်သွားတဲ့အထိ စွဲလမ်းမိဖူးလား?**

ကျွန်​ေတာ် ကုတ်အဖြူကိုချွတ်လိုက်ပြီးနောက် သစ်သားခုံတန်းလေးပေါ် ထိုင်ချလိုက်တယ်။ ညနေဆည်းဆာရဲ့ ရောင်ခြည်ဖျော့ဖျော့က ကျွန်တော့်ရဲ့ပင်ပန်းမှုတွေကို မသက်သာစေနိုင်ပါဘူး။ ကျွန်တော့်လို စိတ္တဇဆရာဝန်တစ်ယောက်က သာမာန်ဆရာဝန်တွေထက် ပိုပင်ပန်းတာ သဘာဝပါပဲ။ အမျိုးမျိုး ခံစားနေရတဲ့ သူတို့စိတ်ထဲက ဝေဒနါတွေကို ကုပေးရတယ်ဆိုတာ မလွယ်ကူဘူးလေ။ တစ်ချို့က မိဘသေလို့ ရူးနေကြတယ်။ တစ်ချို့က မိန်းမသေလို့ရူးနေကြတယ်။ တစ်ချို့က စိတ်ဆင်းရဲလွန်းလို့ ရူးနေကြတယ်။ တစ်ချို့က မိသားစုနဲ့ အဆင်မပြေလို့ ရူးနေကြတယ်။ တစ်ယောက်တစ်မျိုး ခံစားနေရတဲ့ ဝေဒနါတွေကို တစ်ယောက်ကို နည်းလမ်းတစ်မျိုးစီနဲ့ကုသရမယ်။ ဒါက ဖြစ်သင့်ပါတယ်။ သူတို့ကို ထိန်းမရတိုင်း သတိမေ့အောင် အတင်းအကြပ်ဆေးထိုးစရာလဲမလိုသလို။ ရိုက်နှက်စရာလဲ မလိုပါဘူး။

ဒါတွေကို ကျွန်တော်ကောင်းကောင်းကြီး သိပေမယ့် ပါးက ခုထိလက်မခံနိုင်ဘူးလေ။

"ယွင်ရှီး...''

ပြောရင်းဆိုရင်း ပါးရဲ့ခေါ်သံကြောင့် လှည့်ကြည့်လိုက်မိသည်။

"ဆေးတိုက်ဖို့အချိန်ရောက်ပြီ...''

"သိပါပြီ...''

လော်ယွင်ရှီးက သူ့ရဲ့ကုတ်အင်္ကျီကို ပြန်လည်ဝတ်ဆင်လိုက်ပြီးသော် စိတ်ညစ်စရာကောင်းသည့် ထိုဆေးရုံထဲသို့ ဝင်လိုက်သည်။ သူရောက်လာတော့ လူနာတွေကို တန်းစီနှင့်ပြီးနေပြီ။ လော်ယွင်ရှီး ထိုင်ခုံပေါ်၌ထိုင်ကာ နံပါတ်စဥ်အတိုင်းခေါ်သည်။ ဆရာမ အန်နာက တစ်ဦးချင်း လူမလွဲစေရန် စစ်ဆေးပေးရသည်။

"NO. 1, NO. 2, NO. 3, ......., NO. 49!''

တစ်ယောက်ပြီး တစ်ယောက် ေလျာလျောရှူရှူဆေးတိုက်ပြီးသော် NO. 49 သို့ရောက်သည့်အခါ လော်ယွင်ရှီး က ဆရာမအန်နာကို မော့ကြည့်လိုက်မိသည်။

အန်နာက ဆိုသည်။

"လူနာအသစ်ပါ...ဒေါက်တာလော်''

ထို့နောက် အန်နာက တစ်စုံတစ်ယောက်ကို ရှေ့သို့တွန်းပို့လိုက်သော် လော်ယွင်ရှီးမှာ ခဏတာ မှင်တက်သွားရပေသည်။ ထို NO. 49 မှာ ယောက်ျားလေးတစ်ဦးဖြစ်ပြီး အသက်အရွယ်အားဖြင့် ၂၀ဝန်းကျင်ခန့်သာ ရှိလိမ့်ဦးမည်။ အရပ်ရှည်ရှည် မျက်ခုံးတန်းတန်း နှင့် ဖြူအုအုအသားအရည်။ ထိုသို့ ချောချောဖြောင့်ဖြောင့်နှင့် ငယ်ငယ်ရွယ်ရွယ်ကောင်လေးသည်ကား အဘယ်ကြောင့် စိတ်ဝေဒနာရောဂါသည် ဖြစ်နေရသနည်းဆိုသည့် ပေါက်တတ်ကရ အတွေးတစ်ချို့က သူ့ဦးနှောက်ထဲ ဖြတ်ပြေး သွားရပေသည်။ သို့သော် သူကြာကြာကြောင်အ မနေနိုင်သေးခင်မှာပင် NO. 49 က ပြုံးလျှက် သူ့ကို လက်ကာပြကာ နှုတ်ဆက်လာသည်။

NO. 49 (uni+zaw)Onde histórias criam vida. Descubra agora