{ဘွဲ့ပေးအခမ်းအနား၌ သူတော်စင်ချန်က ရုတ်တရက်ပျောက်ဆုံးသွားခြင်းဖြင့် ဧကရာဇ်အား ဒေါသထွက်စေခြင်း}
ချန်ဖေးယွီ အခမ်းအနားသို့ ရောက်သော် နတ်ဘုရားများစုံစုံလင်လင်ရောက်ရှိနေနှင့်ပြီ ဖြစ်ပေ၏။ အခမ်းအနားသို့ဝင်လာသည့် ချန်ဖေးယွီအား မြင်သော် ချွမ်ဖေမှာ သူ့အနားသို့ ဖြတ်ကနဲ ရောက်ရှိသွားပါ၏။
"လောင်ချန် လာ လာ မင်းသားလော် ရောက်တော့မှာ ငါတို့ ဟိုရှေ့မှာ နေရာယူရအောင် ''
ချန်ဖေးယွီတစ်ယောက် ချွမ်ဖေ၏ဆွဲခေါ်မှုနောက် ပါသွားရပြီး ညည်းညူလိုက်ပေ၏။
"မင်းသားလော်ဆိုတာ ကျောက်စိမ်းနတ်ဘုရားဖြစ်မယ့် တစ်ယောက်လား?...သူ ဘွဲ့ဂုဏ်ဒြပ်ရတာ မင်းအပါအဝင် ဘာလို့ အမတမြို့တော်တစ်ခုလုံး ဒီလောက်တက်ကြွနေကြတာလဲ?''
သူ့စကားဆုံးသည့်အခါ သူတို့နှစ်ဦးလုံး ကျိုးချီ၏ နံဘေးသို့ရောက်လာပြီးဖြစ်ပေသည်။ ကျိုးချီက သူ့မေးခွန်းအား ကြားသည့်အခါ စိတ်မရှည် လက်မရှည်ရှင်းပြလာပါ၏။
"မင်းကတော့ ဘာတွေဖြစ်နေလဲ ဘာမှကို မသိဘူး...မင်းသားလော်က လူ့ဘဝမှာ ကတည်းက သူ့ရဲ့ ရုပ်ရည်သွင်ပြင် သူ့ရဲ့နောက်ကြောင်းရာဇဝင် အားလုံးကို ဘယ်သူမှ မသိရဘူး...လျို့ဝှက်ချက်ကြီးတစ်ခုလို ဖြစ်လာတာ...မင်း ပြောကြည့် ဧကရာဇ်မှာ သားရှိတယ်လို့လဲ မကြားဖူးခဲ့ဘူးလေ...''
ချန်ဖေးယွီ အားတက်သရော ထောက်ခံလိုက်သည်။
"အဲတာတော့မှန်တယ်...အဲ့နုနုဖတ်ဖတ်အဖိုးကြီးက လူပျိုယောင်ဆောင်ပြီး ကြောင်သူတော်ကြွက်သူခိုးလုပ်နေတာနေမှာ...''
ကျိုးချီက အစ်ကိုဖြစ်သူ၏ နားရွက်အား မညှာမတာ လိမ်ဆွဲလိုက်ပြီးသော် အံကြိတ်လျှက် အသံတိုးတိုးနှင့်ဆို၏ ။
"မင်း စကားပြောဆင်ခြင်စမ်းပါ အမတမြို့တော်ရဲ့ ဧကရာဇ်က မင်းဘိုအေဆိုတာသိထားဦး...''
"အား...အား...အစ်ကိုကို ထိခိုက်အောင်လုပ်ရဲတယ် မြေမြိုမဲ့ကလေးပဲ...မင်း ပြောတာလဲ ဒီအဓိပ္ပါယ်ပဲလေ...''
"ငါပြောတာက ဧကရာဇ်က ဒီလောက်ထိ သူ့သားတော်အကြောင်းကို လျှို့ဝှက်ထားပြီး ရုတ်တရက်ကြီး နတ်ပြည်စံမြန်းခွင့်ပေးလိုက်တယ် နောက်တော့ သူ့သားတော်ဖြစ်ကြောင်း ကြေငြာလိုက်ပြန်ရော...ဒါက လူတိုင်းကိုစိတ်ဝင်စားစေတာလို့ ပြောတာ...''
BINABASA MO ANG
NO. 49 (uni+zaw)