Episode (16)[အမှောင်ထုထဲက မျှော်လင့်ချက်တစ်စ]

43 8 0
                                    

{အမေှာင်ထုတွင်းက အမှတ်မထင် တွေ့ခဲ့ရသည့် ရွှေရောင်မျှော်လင့်ချက်တစ်စ}

ချန်ဖေးယွီ၏စိတ်အစဥ်မှာ စုစည်းလို့မရအောင် ဖြစ်နေခဲ့ပြီး နောက်ဆုံးတော့ မြေစေးများဖြင့် ပေလူးနေသည့် ကျိုးချီ၏လက်ကိုဆွဲတားလိုက်ပေသည်။

"တော်တော့...တော်တော့ချီအာ...!''

ကျိုးချီသည် သူ့လက်ကိုရုန်းကာ မြေကျင်းကိုသာ ဆက်တူးနေသည်။ ချန်ဖေးယွီသည် ကျိုးချီအား ပုခုံးမှဆွဲဖက်ကာ တားလိုက်ပြန်သည်။ ဤအကြိမ်၌မူ ကျိုးချီသည် ချန်ဖေးယွီ၏ လက်များအတွင်းမှ မရုန်းတော့ဘဲ အစ်ကိုဖြစ်သူအား ပြန်လည်ဖက်တွယ်ကာ ရှိုက်ကြီးတငင်ငိုပါ၏။

"အစ်ကို...ကျွန်တော် အသုံးမကျဘူး...''

ချန်ဖေးယွီသည် ရှိုက်ကြီးတငင်ငိုကြွေးနေသည့် ကျိုးချီကြောင့် သူ့လက်ကိုမြှောက်ကာ မျက်ရည်များကို သုတ်ပေးလိုက်ပေ၏။ သို့သော် သူသုတ်ပေးပြီးမှ ကြောင်အသွားရပြန်သည်။ ကျိုးချီ၏ ပါးပြင်ပေါ်၌ ရွှံ့များဖြင့် ပေကျံသွားပေ၏။ ချန်ဖေးယွီသည် သူ့လက်သူပြန်ကြည့်ကာ စိတ်မသက်မသာနှင့် သူ့ဝတ်ရုံစကို ပွတ်သုတ်လိုက်ပေ၏။ ထို့နောက် သူ့အားဖက်ကာ ငိုကြွေးနေသည့် ကျိုးချီကို ဆွဲခွာကာ သူ့အားကြည့်စေသည်။

"ချီအာ...မင်း ဒီမှာအချိန်မဖြုန်းသင့်ဘူး...ကိစ္စတွေက ဒီအထိဖြစ်ပြီးနေပြီမလို့ ဘာမှလုပ်လို့လဲ ထူးလာမှာမဟုတ်တော့ဘူး...မင်း ပြန်လိုက်ပါ...ဧကရာဇ်လဲ အကြာကြီးခွင့်ပြုမှာမဟုတ်ဘူး...''

"အစ်ကို...!''

မိုးရေများကြားထဲ ကျိုးချီ၏အသံက ကွဲအက်ကာ ပြာနှမ်းလို့နေ၏။ သူက ဘာပြောချင်နေသနည်း မသိပေမယ့် ချန်ဖေးယွီက သူမပြောမီ စကားဆက်လိုက်သည်။

"ပြန်တော့...''

"အစ်ကို ကျွန်တော် အစ်ကိုနဲ့ အဖော်ပြုနေပေးမယ်...''

ချန်ဖေးယွီ ခဏမျှ စကားမဆိုတော့ဘဲ ငြိမ်သက်နေမိသည်။ အမှန်တော့ သူသည်လည်း ဤကဲ့သို့ အခြေအနေမျိုးတွင် သူ့အနား၌ အဖော်ပြုပေးပါရန်။ သူ့လက်အား ဆုပ်ကိုင်ပေးပါရန်။ သူ့အားထွေးပွေ့ပေးပါရန် တစ်ပါးသူဆီမှ ကမ်းလင့်လာမည့် လက်တစ်စုံအား တောင့်တပေသည်။

NO. 49 (uni+zaw)Where stories live. Discover now