Episode (14)[အေးစက်သွားသော နှလုံးသား အေးစက်သွားသော နှမလေးလှိုဏ်ဂူ]

44 10 0
                                    

{နွေးထွေးမှုများ ပျောက်ကွယ်ကာ အေးစက်သွားသော နှလုံးသားနှင့်အတူ အေးစက်သွားသည့် နှမ​လေးလိှုဏ်ဂူ}

ခန္ဓာကိုယ်များ ကြည့်လဲ့နေပါသော အနှီဝိညာဥ်ကဲ့သို့သူသည် သွားများကိုဖော်၍ ရယ်ပါ၏။ သို့သော်ငြား ချောမောသည့်ရုပ်ရည်ဟာ ပျောက်ကွယ်မသွားသလို လွန်စွာတင့်တယ်ခန့်ညားနေသေးသည်ပင်။ သူသည် ချန်ဖေးယွီထံ ရိုးရိုးသားသားပြောလာသည်ပင်။

"ကိုယ်တော့်အကြောင်း ပြောနေကြတာမဟုတ်ဘူးလား?''

ချန်ဖေးယွီ မျက်ခုံးပင့်မိသွားကာ လော်ယွင်ရှီး၏ မျက်စံများ သေးကျုံ့သွားရပေသည်။ သူက အနည်းငယ်သတိချပ်နေလျှက်...

"ခင်ဗျားက ဧကရာဇ်စုန့်ဝူကျစ်?''

ချန်ဖေးယွီ နှင့် လော်ယွင်ရှီးမှာ သတိချပ်နေသော်ငြား ထိုသူက သူတို့ကို အန္တရာယ်ပြုရန် နည်းနည်းမှ စိတ်ကူးမရှိပုံရသည်။ ထိုသူသည် အေးအေးလူလူပင် သူ၏ ခန့်ညားသည့် အပြုံးတစ်ပွင့်ကို နှုတ်ခမ်းဖျားပေါ်၌ ဖြစ်တည်စေ၏။

"ပြောရမှာတော့ ရှက်စရာပဲဗျာ...ကိုယ်တော့်အကြောင်းတွေက ကောင်းကင်ဘုံတစ်ခုလုံးမှာ ဒီလောက်ထိ ​ရေပန်းစားနေပြီပေါ့...''

လော်ယွင်ရှီး ပြောလာသည်။

"ကောင်းကင်ဘုံတစ်ခုလုံး မသိပါဘူး...ကျွန်တော့် ခမည်းတော်က ကျွန်တော့်ကိုပဲ ပြောခဲ့တာ...''

ထိုသူက ခေါင်းတညိတ်ညိတ်နှင့်။

"မှန်ပါတယ်...မှန်ပါတယ်လေ...ဒီအကြောင်းတွေက တကယ်ဖြစ်ခဲ့တာဆိုတော့လဲ အကယ်လို့ ကောင်းကင်ဘုံမက စကြာဝဠာ တစ်ခုလုံး ပျံ့နှံ့သွားရင်ရော ကိုယ်တော်က ဘာများတတ်နိုင်မှာတဲ့လဲ...''

သူတို့ကြားထဲ ပြောစရာစကားမရှိ ဖြစ်နေသည့် ချန်ဖေးယွီက ဝင်မေးလာသည်။

"ဧကရာဇ်!.... ဧကရာဇ်နဲ့ ဧကရာဇ်ရဲ့ မေ့မေ့တို့က ဒီလိုသဘာဝလွန်ဆန်တဲ့ ကိစ္စကြောင့် ကောင်းကင်ဘုံက အပြစ်ပေးခံရတယ်ဆိုရင်တောင် ဧကရာဇ်က ကောင်းကင်ဘုံရဲ့အကြီးအကဲ ဧကရာဇ် တစ်ပါးပဲလေ...ဒီလိုနေရာမှာ အကျယ်ချုပ်ခံရပြီး ရာထူးလျှောကျသွားဖို့ထိ ဖြစ်နိုင်လို့လား?''

NO. 49 (uni+zaw)Opowieści tętniące życiem. Odkryj je teraz