Episode (3) [ကောင်းကင်ဘုံ၏ အပြစ်ဒဏ်]

87 19 0
                                    

"ဧကရာဇ်ပြန်လာပါပြီ...!''

နတ်စစ်သည်တော်တစ်ယောက်၏ ဆော်​ေဩာသံ အပြီး နတ်စစ်သည်တော်များ အားလုံးသည် လျှောက်လမ်း တစ်ဖက်တစ်ချက်ဆီ၌ ငြိမ်သက်စွာ ဝပ်တွားခစားကြရကုန်သည်။ တစ်လှမ်းချင်း လျှောက်လှမ်းလာသည့် ဧကရာဇ်သည်ကား မျက်ခုံးများ တင်းတင်းကြုံ့လျှက်။ မျက်နှာခပ်သေးသေး ပါးလျလျနှုတ်ခမ်းနှင့် ခပ်ချွန်ချွန် နှာခေါင်းများသည်ကား လော်ယွင်ရှီးနှင့်အလွန်ပင် ဆင်တူလှ၏။ သေချာပေါက် လော်ယွင်ရှီး၏ ဖခင်ပါပင်။ သူက ပုလ္လင်ပေါ်၌ ထိုင်ပြီးသော် အမိန့်ပေးလိုက်ပေသည်။

"ထကြတော့...''

နတ်စစ်သည်များသည် ကတုန်ကယင်နှင့် အလျှင်အမြန် မတ်တပ်ရပ်ကြကုန်သည်။ တစ်ဦးတစ်လေမျှ အသံမထွက်ရဲကြ။ ပုလ္လင်နံဘေးရှိ နတ်သမီးပျိုကလေးတစ်ပါးသည်ကား လတ်ဆတ်ချိုအီလှသည့် စပျစ်သီးတစ်လုံးကို ကျွမ်းကျင်သွက်လွက်စွာ အခွံနွှာလိုက်ပြီးသော် ဧကရာဇ်လော်၏ နှုတ်ခမ်းနားသို့ တေ့ကပ်ပေးလိုက်ပေသည်။

ဧကရာဇ်လော်က ၎င်းကို လက်ဖြင့်တွန်းဖယ်ပစ်လိုက်ပြီးသော် အမည်နာမတစ်ခုကို ခေါ်လိုက်ပေသည်။

"ချွမ်ဖေ...!''

စစ်သည်တော်များ၏ ရှေ့ဆုံး၌ တစ်ဦးတည်းသီးသန့်ရပ်နေသည့် လူငယ်လေးက ငုံ့နေရာမှ မော့ကြည့်ကာဆိုသည်။

"ကျွန်တော်မျိုး အပြစ်ရှိပါတယ် ဧကရာဇ်က သင့်တင့်သော အပြစ်ကို ပေးတော်မူပါ...''

ချောမောလှပသည့် ထိုလူငယ်၏ မျက်နှာပေါ်၌ ကြောက်ရွံ့ထိတ်လန့်ခြင်း စိုးစိမျှမရှိ။ ပကတိ တည်ငြိမ်အေးဆေးကာ နှုတ်မှထွက်ပြီးသား စကားပေါ်၌ ခိုင်မာပြတ်သားလွန်းသည့်ဟန်။

ဧကရာဇ်လော်က ပုလ္လင်ပေါ်မှနေ ချွမ်​ေဖဆိုသည့် ထိုလူငယ်အား ကြည့်ရင်း မေးလိုက်ပေသည်။ 

"လောင်ကျိုးရော...''

"လောင်ချန်နောက်ကို လိုက်သွားပါတယ်...''

ဧကရာဇ်လော်မှာ ခေါင်းများပင် တဆစ်ဆစ်ထိုးကိုက်လာရလေသည်။ သူက နားထင်ကို လက်မနှင့်ဖိနှိပ်နေပြီး မေးလိုက်သည်။

NO. 49 (uni+zaw)Nơi câu chuyện tồn tại. Hãy khám phá bây giờ