Episode (6)[တစ်စုံတစ်ရာ ပတ်သတ်မှုရှိသလော]

54 13 0
                                    

ကျိုးချီက ရုတ်တရက်ပြုံးလိုက်ပေသည်။

"ဒေါက်တာစိတ်မပူပါနဲ့...သူ့ကိုမထိန်းချုပ်နိုင်ရင်တောင် ဒေါက်တာကတော့ ကိုယ့်ကိုကိုယ် ထိန်းချုပ်လို့ရနေတာပဲ...ကျွန်တော်လဲ တတ်နိုင်သလောက် သတိပေးနေမှာပေါ့...''

လော်ယွင်ရှီး နည်းနည်းမှပင် တုံ့ဆိုင်းတွေဝေမသွားခဲ့ပါချေ။ အကြောင်းကမူ သူက ထိုစိတ်ဝေဒနာရှင်တစ်ယောက်အား ချစ်မိသွားလိမ့်မည် ဆိုသည်မှာ သေချာပေါက်မဖြစ်နိုင်ဟု တစ်ထစ်ချယုံကြည်ထားသောကြောင့်ပင်။

"ဒီလိုဆိုရင်တော့ စိတ်ချပါ အဲ့လိုဖြစ်လာမှာ မဟုတ်ပါဘူး...''

ကျိုးချီသည် သူ၏ပုတီးကုံးလေးကို အမှုမဲ့ အမှတ်မဲ့ဆုပ်ကိုင်လိုက်ပြီးသော် ပြောပါသည်။

"ဒါက မသေချာဘူးနော် ဒေါက်တာလော်...''

ဘာလို့ဆို ခင်ဗျားတို့နှစ်ယောက်ကို ကံကြမ္မာက သတ်မှတ်ပြီးသားမလို့လေ...

သူဒါကိုတော့ ထုတ်မပြောဖြစ်ခဲ့ပါပေ။ မည်သို့ပင်ဖြစ်ပါစေ သူကတော့ တစ်ဦးတည်းသော အစ်ကိုဖြစ်သူကိုတော့ မည်သည့်နည်းနှင့်မျှ အသက်ဆုံးရှုံးခံလိမ့်မည်မဟုတ်။

လော်ယွင်ရှီး၏ ယုံကြည်မှုများမှာ ထိုလူငယ်၏ ''မသေချာဘူးနော်'' ဆိုသည့် စကားတစ်ခွန်းလေးနှင့်ပင် 50%ခန့် လျော့ကျသွားပေသည်။ သူ့အနေနှင့် ထိုလူနာ NO. 49သည်ကား သာမာန်စိတ်ဝေဒနာရှင်များနှင့် မတူညီစွာ ကဲွဲပြားနေသည်ဟု ခံစားရစေသော်ငြား ဤအခြေအနေထိ မရောက်လာနိုင်ဟု သူထင်ထားမိခဲ့ခြင်းပင်။ သို့သော် ဤမျှ လေးနက်တိကျစွာပြောနေသည့် ကျိုးချီ၏ စကားများသည် သူ့အား ဟုတ်လေမလားဟု အနည်းငယ် တွေဝေသွားမိစေပြန်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့ကြား၌ ဘာဆိုဘာမှ မပက်သတ်ဖူးပါပဲ သူ့ရဲ့ဆက်ဆံပြုမူပုံများနှင့်လိုက်၍ ပြောင်းလဲနေတတ်သည့် NO. 49၏ စိတ်ထဲ၌ ဘာရှိနေသနည်း သူမသိ။ ရုတ်တရက် ဤဆေးရုံထိလိုက်လာသည့် ညီဖြစ်သူ၏ ထူးထူးဆန်းဆန်းစကားများကရော မည်သည့် အဓိပ္ပါယ်ကို ဆောင်သနည်း။ မွေးရာပါ ခံစားနေရသည့် စိတ်ရောဂါ တစ်နည်း မွေးရာပါ နာကျင်နေခဲ့သည့် သူ့နှလုံးသားသည်ကား ယခုလက်ရှိဘဝ၌ခံစားရသည့် ဝေဒနာဟုပြောရန်လဲ မဖြစ်နိုင်။ သို့ဆိုလျှင် သူတို့နှစ်ယောက်ကြား၌ အတိတ်ဘဝက ပတ်သတ်မှုရှိခဲ့ဖူးလေသလော။ သူမည်သို့ပင် တွေးစေကာမူ NO. 49၏ ဝေဒနါသည်ကား သူနှင့် ဤသို့နှယ် ပတ်သတ်နေသည် ဆိုသည့် အတွေးမှလွဲ၍ သူ့ဦးနှောက်ထဲ တစ်ခြားအကြောင်းအရာ စဥ်းစား၍မရ။ သူ၏ မသိမသာ တုန်လှုပ်သွားမှုကို သူ့ဘာသာ သိမသာပင် ထိန်းချုပ်လိုက်ရပေသည်။

NO. 49 (uni+zaw)Where stories live. Discover now