Episode (13)[ထူးဆန်းသည့် မေ့မေ့လိုဏ်ဂူသို့ အမှတ်မထင်ရောက်ရှိခြင်း]

32 9 0
                                    

[ထူးဆန်းသည့် အအေးဓာတ်ပြယ်နေသော မေ့မေ့လှိုဏ်ဂူသို့ ရောက်ရှိခဲ့ကြသည့် ဖေးယွင်ရှီး]

တိတ်ဆိတ်နေသည့် ပတ်ဝန်းကျင်၌ ကျောက်နံရံများပေါ်မှ စီးကျနေသည့် တတောက်တောက် ရေစက်သံများသာ ရှိပေ၏။ လော်ယွင်ရှီးမှာ ချန်ဖေးယွီ၏ စကားကို သေသေချာချာလေး ရှင်းပြရန် ပြင်ဆင်ခဲ့သော်ငြား ဘယ်ကဘယ်လိုစပြောရမှန်းမသိ။

^ငါက မင်းထင်နေတာအဲ့လိုမဟုတ်ဘဲ ပေါက်ကရတွေးတယ်ထင်လိုက်လို့^

ဒီစကားကြီးက သေချာစဥ်းစားကြည့်ပါလျှင် သူကမှ ပေါက်ကရတွေးနေသယောင် ပို၍ ထင်ရပေသည်။

မဖြစ်။

^ကျင့်ဝတ်တွေမသိတတ်ဘူး...ေပါ့ပျက်ပျက်နိုင်လိုက်တာ...အရှက်မရှိဘူးလား?^

ဒါကြီးကကျ သူကပဲ မသိရင် ဖခင်ကြီးသဖွယ်ပုံစံပေါက်နေပြန်သည်။

ဒါလဲမဖြစ်။

^ပေါက်ကရတွေ ငါ့က မင်းနောက်ချင်တိုင်းနောက်စရာမှတ်လို့လား?'^

ဒါကျတော့လဲ ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းနေကာ ဘဝမြင့်နေသည့် လေသံကြီး ဖြစ်နေဦးမည်။

ထို့ကြောင့် အဆုံး၌မူ ဘာဆိုဘာမှ မပြောဘဲသာ နေလိုက်တော့သည်။ ဤအဓိပ္ပါယ်မရှိ အရေမရ အဖတ်မရစကားအား ဂရုစိုက်ဖြေကြားရှင်းပြနေရန်မလိုဟု သတ်မှတ်လိုက်ပေ၏။

သူ၏ ဤသို့နှယ် ဆိတ်ဆိတ်နေပုံအား မြင်သော် ချန်ဖေးယွီက သူ့နှာခေါင်းကို အသာရယ် ပွတ်လိုက်ပြီးသော် စကားပြောလာပြန်သည်။

"အိုင်းယား...! ဒါက ဘာဖြစ်တာတုန်း စိတ်ဆိုးသွားပြန်တာလား? ကျွန်တော်က ဒီတိုင်းနောက်တာပါဗျာ...''

လော်ယွင်ရှီးကမူ ရုပ်တည်နှင့်။ မျက်ခုံးတောင် အနည်းငယ်ကျုံ့နေသေးသည်။သူကဆို၏။

"မင်းငါ့ကို နောက်ရအောင်အထိ ငါတို့ကမရင်းနှီးဘူး...''

ချန်ဖေးယွီမှာ နည်းနည်းတောင် စိတ်မကောင်းဖြစ်သွားဟန်မရှိ။ သူက ပြုံးမြဲပြုံးနေလျှက်သာ ပတ်ဝန်းကျင်ကိုစူးစမ်းရင်း ပြန်ဖြေလာခဲ့သည်။

NO. 49 (uni+zaw)Opowieści tętniące życiem. Odkryj je teraz