{ေကျာက်အငူပေါ်၌ အဆုတ်သာ မလှမ်းသာအခြေအနေတွင် နာမည်မိတ်ဆက်နေကြသည့် ဖေးယွင်ရှီး}
ချန်ဖေးယွီ နိုးလာသည့်အခါ သူ့ကျောက အရိုးကျိုးမတတ်နာကျင်ကိုက်ခဲနေသည့် ဒဏ်ကို ခံစားရသည်။ သူက မျက်လုံးကို အပြည့်အစုံမဖွင့်လိုက်မီ တကျွတ်ကျွတ်နှင့် ညည်းညူလိုက်ပြီးသော် ခပ်တိုးတိုး ရေရွတ်လိုက်ပေ၏။
"တော်သေးလို့ တော်သေးလို့ နတ်ဘုရားဖြစ်နေလို့ပေပေါ့...မဟုတ်ရင် ငါလေးသေတော့မလို့...အား..အာ့...''
သေလုမျောပါး ကိုက်ခဲနေသည့် ထိုကျောကို အသာလေးဆန့်ရင်း သူထထိုင်ဖို့ရန် ကြိုးစားတော့သည်။ သို့သော်ငြား သူ့ရင်ဘတ်ပေါ်၌ ခပ်လေးလေး အရာတစ်ခုခုရှိနေကြောင်းခံစားမိ၍ သူ့မျက်လုံးကို အသာလေးဖွင့်ကြည့်လိုက်ရာ ကျောက်စိမ်းဖြူ ဆံထိုး ထိုးထားသည့် မင်ပုတုံးရောင်တောက်နေသည့် ဆံနွယ်များကို တွေ့လိုက်ရပေသည်။
ဧကန်ပင် ၎င်းက ကျောက်စိမ်းနတ်ဘုရား ဖြစ်ပေ၏။ ချန်ဖေးယွီက ထိုနတ်ဘုရားလေးကို ဘေးသို့အရင်ချပေးရန်ဆုံးဖြတ်ပြီးနောက် လက်ကိုပင့်ကာ ထိုကိုယ်လုံးလေးကို မလိုက်ပေ၏။ ထို့နောက် ဘေးသို့ချတော့မည့်ဆဲဆဲ...အလျှင်အမြန် သူ့ရင်ခွင်ထဲသို့ တင်းကြပ်စွာ ပြန်လည်ပွေ့ဖက်ထားလိုက်ရပေ၏။
ချန်ဖေးယွီမှာ ရင်ထဲပင် တလှပ်လှပ် ဖြစ်သွားရပေသည်။
တော်သေးလို့ တော်သေးလို့...အပြစ်ပြုမိတော့မလို့ အပြစ်ပြုမိတော့မလို့...
ချန်ဖေးယွီသည် ထိုအတိုင်းသာ ဤမေ့မျောနေသည့်သူကို သူ့ရင်ဘတ်ပေါ်၌ တင်ထား၍သာ နေရာ၌ တောင့်တောင့်ကြီး လှဲနေရပေ၏။
လှုပ်လဲ မလှုပ်ရဲ။ သူသာ ယခုနေ လှုပ်ရှားလိုက်ပါမူ သူရော ထိုကျောက်စိမ်းနတ်ဘုရားရော ေချာက်ထဲကျသွားပေလိမ့်မည်။ အဘယ်ကြောင့်မူ သူတို့သည် ရေတံခွန်၏ အောက်ဘက်ထိ ကျမသွားဘဲ ကျောက်ဆောင်အငူလေးပေါ်၌ တင်နေခြင်းပင်။ ချန်ဖေးယွီ တိုးတိုးတိတ်တိတ် ဆဲရေးလိုက်ပေသည်။
"သောက်ကျိုးနည်း...ငလူး! ဒီအပေါ်မှာ ဒီအတိုင်းကြီး ဘယ်လောက်ကြာအောင် မေ့နေတာပါလိမ့်...''
ESTÁS LEYENDO
NO. 49 (uni+zaw)