{ပြင်မရသည့် ဗီဇကြောင့် ခိုးကြောင်ခိုးဝှက်နှင့် သူများကိစ္စ လိုက်ကူညီနေပြန်သည့် လူနာNO. 49}
ေနရောင်ခြည်စတို့ တစ်စ တစ်စထွက်လာပြီးနောက် ပိန်းပိတ်နေသော အခန်းတွင်းသို့ ဖျော့တော့တော့ အလင်းရောင်မှိန်မှိန်ကလေးများ ဝင်လာခဲ့သည်။ အခန်းရှေ့က ''တဂျောက်ဂျောက်'' အသံများကို ကြားလိုက်ရပြီးသော် ချန်ဖေးယွီ၏ မျက်တောင်များ တဖျတ်ဖျတ်လှုပ်ခတ်လျှက် ပွင့်လာတော့သည်။ သူ အားနည်းချိနဲ့ကာ ထထိုင်လိုက်သော် သူ့ခြေထောက်ထိတ်က တဆစ်ဆစ် ကိုက်ခဲလာတော့သည်။
"ကျွတ် ကျွတ် ကျွတ်''
သူညည်းညူ၍ မဆုံးသေးခင်မှာပင် သူ့လက်တစ်ဖက်စီအား လူနှစ်ယောက်က ဆွဲထူသွားခြင်းအား ခံလိုက်ရသည်။
အခန်းပြင်ရောက်တော့ သုံးရက်လောက် အလင်းရောင်မမြင်ခဲ့ရသည့် သူ့မျက်ဝန်းများထဲသို့ ဝင်လာသည့် အလင်းရောင်က သာမာန်အလင်းရောင်လေးဖြစ်သော်ငြား သူ့မျက်စိအား ကျိန်းစပ်သွားလောက်ပါ၏။
သူ့ပါးစပ်မှ ခပ်တိုးတိုးလေး တမ်းတမိသည်က...
"ကိုကို...''
သူ့အသံသည် အလွန်တိုးဖျော့လွန်းပါသဖြင့် မည်သူတစ်ဦးတစ်ယောက်မျှ မကြားသွားခဲ့ပေ။ ထို့နောက် သူအပြစ်ဒဏ်က ပြန်လွှတ်လာတာကို မြင်သည့် ဆံပင်အနည်းငယ်ဖြူနေသည့် အရူးတစ်ယောက်က လက်ခုပ်လက်ဝါးတီးလျှက် ထအော်လေသည်။
"လောင်ချန် ပြန်ထွက်လာပြီ...လောင်ချန်ပြန်လာပြီကွ...''
ထိုကျယ်လောင်သည်ထက်ပိုသည့်အသံက ဒုအုပ်နှင့်စကားပြောနေသည့် ဒေါက်တာလေး လော်ယွင်ရှီးကို ဦးလည်လာစေသည်။ လော်ယွင်ရှီးသည် မမြင်ရသော်ငြား ချန်ဖေးယွီ ရှိနေမည့်အခန်းထဲသို့ မှန်း၍ လှည့်ကြည့်လိုက်မိသည်။ မသိလိုက်ခင်မှာတင် သူ့စိတ်က အတော်လေး လောနေခဲ့ပြီ။ သူက လူနာတွေကို ကုသဖို့အတွက် အသုံးပြုသည့် ဆေးအချို့နှင့် နည်းလမ်းအချို့ကို ပြောင်းလဲရန် ဒုအုပ်နှင့် တိုင်ပင်နေခဲ့ခြင်းပင်။ နဂိုကတည်းက စိတ်ဝေဒနာရှင်ဆိုတာ ထိုလူရဲ့ နလုံးသားထဲ စိတ်ထဲမှာ ခံစားနေရသည့် ဝေဒနာဖြစ်တာကြောင့် သူတို့ကို အကြမ်းနည်းနှင့် ကုသပါက ပို၍သာ စိတ်ထိခိုက်နာကျင်ရမည်သာ။ သက်သာသည့်နည်းလမ်းမဟုတ်။
KAMU SEDANG MEMBACA
NO. 49 (uni+zaw)