{သတ်မှတ်ထားပြီးသော ကံကြမ္မာအား သေချာပေါက် ပြောင်းလဲရလိမ့်မည်}
ဆေးရုံထဲ၌ ရုတ်ရုတ်သဲသဲဖြစ်နေသည်။ 5နာရီခဲွဲပြီ။ ဘာလို့ လူနာတစ်ယောက်ပျောက်နေတာလဲ။ ဒေါက်တာ အန်နာက လူစစ်စာရင်း စခေါ်ပြီ။ လော်ယွင်ရှီး၏ လက်များက မသိမသာတုန်ယင်နေသလို ကျိုးချီသည်လဲ လည်ပင်းရှည်နေပြီ။
ပြောရလျှင် လော်ယွင်ရှီး၏ အခြေအနေထက် ကျိုးချီ၏အခြေအနေက ကို၍ပင် ဆိုးနေနိုင်ပါသည်။ ပြဿနာအစက သူကိုး။ လော်ယွင်ရှီးက အသံတိတ် အချက်ပြနေပြီး ကျ်ုးချီမှာ လည်ပင်းတရှည်ရှည်ဖြစ်နေသည်။ အန်နာ၏ ကြည်လင်ပြတ်သားသည့် အသံက ခန်းမအတွင်း၌ ပျံ့နှံ့လျှက်။
".............46,47,48,49....''
ရုတ်တရက် ခန်းမ၏ တံခါးပေါက်မှ အသံတစ်ခုထွက်ပေါ်လာသည်။
"ရှိ...!''
ေလာ်ယွင်ရှီး၏ မျက်ဝန်းများပိတ်ဆို့လိုက်မိပြီး သက်ပြင်းဖွဖွ ချလိုက်ရပါ၏။ ကျိုးချီသည်လည်း အတူတူပင်။ ချန်ဖေးယွီသည် ရယ်ကျဲကျဲဖြင့် လက်တစ်ဖက်ဝှေ့ရမ်းပြကာ ခန်းမထဲသို့ဝင်လာသည်။
ဒေါက်တာအန်နာတို့က လွယ်လွယ်တော့ လှည့်စားမရ။ သူမက ချန်ဖေးယွီအား သံသယ မျက်လုံးများဖြင့်ကြည့်နေပြီး မေးလိုက်သည်။
"No. 49 ဘယ်သွားနေတာလဲ?''
ချန်ဖေးယွီသည် ယခုထိ ရယ်ကျဲကျဲလုပ်နေတုန်းပင်။ သူက အတိအကျမရှိပဲ သူ့နောက်သူ လက်နောက်ပြန်ညွှန်ပြလိုက်သည်။
ဒေါက်တာအန်နာ - ''ဘယ်လိုလုပ် ချွေးတွေ ဒီလောက်ရွဲှဲပြီး မောနေရတာလဲ?''
ချန်ဖေးယွီက သွားပေါ်အောင်ရယ်နေသည့် သူ့ပါးစပ်ကို အတင်းစေ့ပိတ်လိုက်ကာ မသင်္ကါစရာကောင်းအောင် ပြုံးနေသည်။ ဒေါက်တာအန်နာက ပို၍ပင် သံသယဝင်လာကာ...
"No. 49!''
ချန်ဖေးယွီ ရုတ်တရက် စကားဖြတ်ပြောလိုက်သည်။
"ဝမ်းချုပ်နေလို့...''
"ဟမ်!''
နောက်ဘက်မှ ရပ်နေသည့် လော်ယွင်ရှီးပါ အနည်းငယ် စွံ့အသွားရပါ၏။
ŞİMDİ OKUDUĞUN
NO. 49 (uni+zaw)