လော်ယွင်ရှီးမှာ အကြောင်းအရင်းကိုသိပြီးသော် ပျော့ခွေနေသည့် ချန်ဖေးယွီကို ဆွဲမကာ သူ့ပုခုံးကိုမှီစေလိုက်ပြီး သက်ပြင်းတစ်ချက်ချလိုက်ပေသည်။"အရုပ်ကို ကျွန်တော်အစားပြန်ဝယ်ပေးမှာပါ...''
လုံခြုံရေးတစ်ယောက်က ဆိုသည်။
"ဒေါက်တာလော် သူ့ရဲ့ခိုးတတ်တဲ့အကျင့်ကို အလိုလိုက်မလို့လား?''
လော်ယွင်ရှီးက ထိုသူအားကြည့်ရင်း တစ်လုံးချင်း ပြတ်ပြတ်သားသားဆိုပါ၏။
"သူလိုချင်တဲ့အရာကိုပဲ သူယူတာက ပစ္စည်းတိုင်းကိုခိုးတာမဟုတ်ပါဘူး...ခင်ဗျား ငယ်ငယ်ကရော အမေမသိအောင် သကြားလုံးတော့ ခိုးစားဖူးမယ်ထင်ပါတယ်...အဲ့တာရော ပစ္စည်းခိုးတယ်လို့ပြောလို့ရလား...ဒီလောက်ထိ ရိုက်နှက်ပြီးတာကို သူလက်မလွှတ်ပေးနိုင်တာ သူဒီပစ္စည်းကို တန်ဖိုးထားလို့ပါ... သူတို့က စိတ်ရောဂါသည်တွေ မှန်တယ်...သူတို့ရောဂါက သူတို့ရဲ့ အစွန်းရောက်နေတဲ့ ရိုးသားမှုကြောင့်ပါ...သူတို့မှာ ရိုးသားတဲ့တက်မက်မှုတစ်ခုစီပဲရှိကြတယ်...လောဘမကြီးကြပါဘူး...သူတို့အားလုံးက ဖြူစင်ကြပါတယ်... ပြန်မပေးမချင်း ရိုက်နေရအောင် ခင်ဗျားတို့က အရုပ်တစ်ရုပ်အတွက်နဲ့ လူသတ်ကြတော့မလို့လား?''
ပြောပြီးသည်နှင့် လော်ယွင်ရှီးက ချန်ဖေးယွီအား တွဲကာ ထိုနေရာမှ ဖြည်းဖြည်းချင်းထွက်ခွာသွားတော့သည်။ လော်ယွင်ရှီး ထိုနေရာမှ ဝေးကွာသွားသည်နှင့် ထိုလုံခြုံရေးက လက်ထဲမှတုတ်ကို ဂွမ်ကနဲမြည်အောင် ပစ်ချလိုက်သည်။
"သူက ဆေးရုံအုပ်ထက်တောင် ဆရာလုပ်နေသေးတယ်...တော်တော်မာန်တက်နေတာပဲ...''
လော်ယွင်ရှီးကမူ မေ့မျောနေသည့် ချန်ဖေးယွီအား သူကိုယ်တိုင်ပင် ဒဏ်ရာများကို ဆေးထည့်ပေးဖြစ်၏။ ဤလူငယ်လေးက စိတ်ဝေဒနာသည်တစ်ဦးပင် ဖြစ်လင့်ကစား အဆိုးအကောင်းကိုတော့ ခွဲခြားနိုင်သေးသည့် အသိကလေးတော့ရှိသေးသည်ပင်။ သူ ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။
"မင်းနှလုံးသားမှာ ဘာတွေထိခိုက်မိထားတာလဲ?''
.................××××
YOU ARE READING
NO. 49 (uni+zaw)