Chap 2 အနက်ရောင်လမ်း(သို့)မှောင်ခိုလမ်း

656 113 2
                                    

Uni

အနက်ရောင်လမ်း (မှောင်ခိုလမ်း) ဆိုတာဘာလဲ??
နည်းပညာတွေဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ အဆောက်အအုံများမှာလဲ အထပ်ရေ ပိုမိုများပြားလာခဲ့တယ် မိုးမျှော်အဆောက်အဦးတွေများပြားတဲ့နေရာဖြစ်တဲ့အတွက် အောက်ခြေ လမ်းသွယ်များကို နေရောင်မရောက်နိုင်ပေ ဒါကြောင့်လမ်းသွယ်များမှာ နေ့အချိန်၌ပင် မှောင်မဲနေသည် ထိုလမ်းမျိုးကို အနက်ရောင်လမ်း (မှောင်ခိုလမ်း) ဟု ခေါ်ကြသည်

လက်ရှိ Fang Zhao နေထိုင်ရာတစ်ဝိုက်သည်အထပ် ၁၀၀ ကျော်မြင့်သော အဆောက်အဦးများနှင့်ပြည့်နေသည် ထိုအဆောက်အဦးများမှာ တစ်ခုနှင့် တစ်ခုအနည်းငယ်ဟနေပြီး ထိုအဟကြားအောက်ခြေတွင် မှောင်ခိုလမ်းများရှိသည် ထိုလမ်းတွင်နေထိုင်သူများကို ကွက်လပ်ဖြည့်သူများဟု ခေါ်ကြသည် ၎င်းမှာနားခံသာအောင်ခေါ်ခြင်းသာဖြစ်ပြီးအမှန်မှာ ဆင်းရဲနိမ့်ကျသူများဟု ခေါ်ခြင်းသာဖြစ်သည်

မှောင်ခိုလမ်းများမှာ အခြေအနေဆိုးဝါးပြီး နေရောင်မရဘဲ အမြဲမှောင်နေတာကြောင့် အန္တရာယ်လည်းများကြသည်

မူလပိုင်ရှင်မှာ တေးသံသွင်းကုမ္ပဏီတစ်ခုနဲ့ စာချုပ်ချုပ်ပြီးနောက် ကျောင်းပြင်ပသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည် တစ်ယောက်တည်းနေခြင်းသည် ဖန်တီးနိုင်စွမ်းမြင့်ပြီးသီးသန့်ဆန်ကာ အလုပ်လုပ်ရအဆင်ပြေစေသည် သို့သော် သူ့ကိုယ်ပိုင်ငွေကြေးမှာ အကန့်အသတ်ရှိသောကြောင့် မှောင်ခိုလမ်းမှ ကွန်တိန်နာပုံစံ အခန်းကျဉ်းလေးလောက်သာတတ်နိုင်ခဲ့သည် ဒါကြောင့် မူလပိုင်ရှင်သည်အလုပ်မှ ငွေရလျှင်ဒီနေရာမှပြောင်းဖို့စီစဉ်ထားသော်လည်း အလုပ်ပြန်မအပ်မီ သူအယုံကြည်ရဆုံးသူ၏သစ္စာဖောက်မှုကိုခံလိုက်ရသည်

မူလပိုင်ရှင်မှာ Fang Sheng နဲ့ သူ့ရည်းစားဟောင်း Si Hong၊ အချင်းချင်းစေ့စပ်ထားတဲ့ Zeng Huang နဲ့ Wan Yue ဆိုသည့် ငယ်သူငယ်ချင်း လေးယောက်ရှိသည် သူတို့၅ယောက်မှာ ငယ်ငယ်ကတည်းက အဆောက်အဦးတစ်ခုထဲတွင် အတူတူနေထိုင်ကြီးပြင်းလာကြသူများဖြစ်သည် ကံမကောင်းချင်တော့ အလယ်တန်းလောက်မှာ အဆောက်အအုံတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး နေထိုင်သူဦးရေ ၁၀ ပုံ ၁ ပုံသာ အသက်ရှင်ခဲ့သည် အဆောင်မှာနေတဲ့ ကျောင်းသားများသာ အသက်ရှင်ကျန်ခဲ့ခြင်းဖြစ်သည်

Superstars Of Tomorrow Nơi câu chuyện tồn tại. Hãy khám phá bây giờ