Chap 20 သူ့အရပ်နဲ့သူ့ဇာတ်

140 21 0
                                    

သူ့အစမ်းလေ့ကျင့်သီဆိုနေသည့်သီချင်းအရ သံပြိုင်အတွက် ပြင်ဆင်နေခြင်းဖြစ်သည်။

Fang Zhao လာနေသည်ကို သတိထားမိပြီး သူလေ့ကျင့်ခန်းရေးကို ခဏရပ်ဖို့ကြိုးစားလိုက်သည်။ သူရပ်လိုက်သည်နှင့် Fang Zhao ကသူ့ကို ရှာနေခြင်းဖြစ်ကြောင်းသိသွားပြီး ထိတ်လန့်သွားသည်။

"တောင်း--တောင်း--တောင်းပန်ပါတယ်ဗျ။ခင်--ခင်ဗျားတို့အတွက် အနှောင့်အယှက်များဖြစ်သွားလား။"
ကောင်လေးမှာ စကားများပင်ထစ်ကုန်သည်။

"မဟုတ်ပါဘူး။မဖြစ်ပါဘူး။ဆိုစရာရှိတာဆိုပါ။ ငါက နားထောင်ကြည့်ချင်ရုံပါ။"
Fang Zhao ထောင့်နားက ခုံတွင်ထိုင်ချလိုက်သည်။ထိုထောင့်နေရာသည် လုံးဝ ဗလာကျင်းနေသည်။ တစ်ခြားအဆိုတော်များမှာ ထိုနေရာကို ရှောင်နေကြသဖြင့် ထိုတစ်ဝိုက်ရှိ ခုံများမှာ လုံးဝလွတ်နေခြင်းဖြစ်သည်။

လူငယ်လေးမှာ ခေါင်းကို အသာကုတ်ရင်း ချီတုံချတုံဖြစ်နေသည်။သူ Fang Zhao နှင့် ပွဲကြည့်ပရိသတ်များကို တစ်ချက်ကြည့်လိုက်သည်။သူ့ပါးစပ်ကို ဟ လိုက်ပေမဲ့ လူအုပ်ကြီးက သူ့ကိုစိုက်ကြည့်နေသလိုခံစားရ၍ ဆက်မဆိုနိုင်တော့ပေ။ သူစိတ်လှုပ်ရှားပြီး သူ့အသံနဲ့ လူတွေကို ခြောက်ထုတ်လိုက်မိရင် ဘယ်လိုလုပ်မလဲ။ သူတို့တွေ သူ့ကို ကန်ထုတ်ကြမှာများလား။

အခြေအနေအရပ်ရပ်ကို သေချာစဉ်းစားပြီးနောက် ဆက်မဆိုတော့ဘဲ ရပ်လိုက်ကာ ထောင့်ချိုးသို့သွားလိုက်သည်။ခနအနားယူပြီး အနားရှိလူများ တစ်ခြားကို အာရုံရောက်သွားမှ ပြန်ဆက်ဆိုဖို့ ဆုံးဖြတ်လိုက်သည်။

"မင်းနာမည် ဘယ်လိုခေါ်လဲ။"
Fang Zhao မေးလိုက်သည်။
"သံပြိုင်ဆိုဖို့ ပြင်ဆင်နေတာလား။"

"ငွေတောင်ပံရဲ့ တေးသံကျူးအဖွဲ့က လူသစ်တွေခေါ်နေတယ်ဆိုလို့ လာကံစမ်းကြည့်တာပါ။"
လူငယ်လေးမှာ စိတ်လှုပ်ရှားနေသဖြင့် ရေခွက်ကို ခပ်တင်းတင်းဆုပ်ပိုင်ထားသည်။
"ကျွန်တော်နာမည်က Pang Pusong ပါ။သီချင်းနာမည်နဲ့ တူနေတယ်မလား။ဟား  ဟား"

Superstars Of Tomorrow Where stories live. Discover now