Chap 18 လုံရှန်းထျန်းလော်

106 21 0
                                    

ခေတ်ပျက်ကာလမှ စစ်သည်ဟီးရိုးမျိုးကို ပုံရိပ်ယောင်အနုပညာရှင်အဖြစ် ကြုံသလိုရွေးချယ်လိုက်လို့မရပေ။ပုံရိပ်ယောင်အနုပညာရှင်စတင်ပေါ်ပေါက်ချိန်တုန်းက ကုမ္ပဏီတစ်ချို့မှ ဟီးရိုးများကို မိတ်ဆက်ဖူးသည်။သို့သော် ရုပ်ထွက်မှာ စုတ်ပြတ်နေ၍ ဟီးရိုးမိသားစုမှဆင်းသက်လာသူများကိုဒေါသထွက်စေခဲ့သည်။
ထို့ကြောင့် ၎င်းတို့အချင်းချင်းစုစည်းကာ ထိုသို့ရေးဆွဲခြင်းကို ဖိအားပေးရပ်တန့်စေခဲ့သည်။
ပုံရိပ်ယောင်အနုပညာရှင်ထုတ်လုပ်သောကုမ္ပဏီတိုင်းကိုလည်း ပျက်သုဉ်းခေတ်က သူရဲကောင်းတို့၏ ပုံစံကိုဖြစ်စေ ၊ နာမည်ကို ဖြစ်စေ လုံးဝ အသုံးမပြုရဟု တားမြစ်ခဲ့သည်။သံသယဝင်ဖွယ် အနေအထားဖြစ်ပါက အကြီးအကျယ်စစ်ဆေးခံရပြီး  ချိုးဖောက်သူများကို ပြင်းပြင်းထန်ထန်အရေးယူကြသည်။

Fang Zhao အနေနဲ့ သူ့အရင်ရဲဘော်ရဲဖက်တွေရဲ့ပုံတူကိုမသုံးလိုသလို သူ့ပုံသူလည်း လုံးဝမဆွဲလိုပေ။ သူက ခုဒီနေရာမှာ အရှင်လတ်လတ်ကြီး ရှိနေရာ သူလုပ်ချင်ရာကို ကိုယ်တိုင်လုပ်နိုင်သည်။ ဒီတော့ သူနဲ့ပုံစံတူပုံရိပ်ယောင်အနုပညာရှင်မျိုး ဖန်တီးဖို့မလိုအပ်ပေ။

ဒါပေမဲ့ Fang Zhao အနေနဲ့ လူအများ၏စိတ်ကို ဆွဲဆောင်နိုင်ပြီး သူ့ပုံရိပ်ကို နက်နက်ရှိုင်းရှိုင်းဆွဲထင်စေသည့် ကာရိုက်တာမျိုးကိုလည်း ဖန်တီးလိုသည်။ သူ့အနေနဲ့ အဆုံးသတ်ခေတ်က တကယ့်လူတွေရဲ့ပုံစံတူကို အသုံးမပြုရဘူးဆိုရင် တခြားတစ်မျိုးမျိုးကို ရှာရမည်။

Fang Zhao မှာ နှစ်ရက်လောက် ဆက်တိုက် အလုပ်ရှုပ်နေပြီး အိပ်ချိန်နှင့် စားချိန်လောက်သာ အနားယူဖြစ်သည်။သူ့အလုပ်လုပ်နေကျနေရာလေးမှာ နမူနာပုံစံ ပုံကြမ်းမရမခြင်း  မရပ်မနား ကြိုးစားနေသည်။Fang Zhao မှာ ပုံရိပ်ရေးဆွဲသူမဟုတ်၍ သူ့ပုံဆွဲစကေးမှာလည်း အကန့်အသတ်ရှိသည်။အချောသတ်ဒီဇိုင်းကိုတော့ ကျွမ်းကျင်ပညာရှင်နဲ့လွှဲထားလိုက်မည်ဖြစ်ရာ သူ့အနေနဲ့ အကြမ်းထည်လောက်သာ ဆွဲသားဖို့ လိုသည်။

နောက်တစ်နေ့ မွန်းတည့်ချိန်ရောက်လာပြန်သည် ။နေရောင်မှာတောက်ပသည်ထက်တောက်ပလာ၏။

Superstars Of Tomorrow Nơi câu chuyện tồn tại. Hãy khám phá bây giờ