Chap 8 အမိုက်စားနိုးထမှု

455 101 4
                                    

Uni

ဂီတကျောင်းသားများသည်လည်း ဇယားမှလှုပ်ရှားမှုများကို အာရုံစိုက်နေကြသည်။

အထူးသဖြင့် ချီအန်း ဂီတအကယ်ဒမီကကျောင်းသားများဖြစ်သည်။

ကမ္ဘာပျက်ခေတ်လွန်သောအခါ တက္ကသိုလ်ပညာရေးကို ခြောက်နှစ်အထိ တိုးချဲ့ခဲ့သည်။  ​ဖျော်ဖြေ၊တင်ဆက်မှုမေဂျာနှင့်တေးရေးစပ်မှုမေဂျာမှနောက်ဆုံးနှစ်ကျောင်းသားများသည်  ဇယားကို အနီးကပ် အာရုံစိုက်စောင့်ကြည့်နေကြသည်။  ဇယားကိုအခြေခံ၍ပြီးဖျော်ဖြေရေးကုမ္ပဏီတစ်ခုစီ၏ အင်အားကိုလည်း သိနိုင်သည်။

Big Three ထဲတွင် ငွေတောင်ပံသည် ကို အားနည်းဆုံးဟုဆိုနိုင်သည်။  သူ့ရဲ့အောင်မြင်ထွန်းတောက်ချိန်များနောက်ကျန်ခဲ့ပြီဖြစ်သည်။ ထိပ်တန်းကျောင်းသားများသည် နီယွန်အနုပညာနှင့် Tongshan True Entertainment တို့ကို နှစ်သက်ကြသည်။အထူးသဖြင့် အဓိကပြောင်းလဲမှုဖြစ်ပြီးနောက်ပိုင်းမကြာသေးမီနှစ်များအတွင်း  တွင်ဖြစ်သည်။  ၎င်းတို့၏ပုံရိပ်ယောင်အနုပညာရှင်များကြီးထွားလာမှုသည် တေးရေးဆရာများနှင့် စီစဉ်သူများ၏ လိုအပ်ချက်များကိုဖြည့်ဆည်းပေးနိုင်သောကြောင့်ကျောင်းသားများအတွက် လုံးဝအဆင်ပြေသည်။

"ငွေတောင်ပံက ဒီနှစ်မှာ ကောင်းကောင်းလုပ်နိုင်ခဲ့ပုံပဲသူတို့ဆီက ၃ ယောက်က ထိပ်ဆုံး ၁၀ ယောက်ထဲမှာပါတယ်"

ဟု ကျောင်းသားတစ်ဦးက ပြောသည်။

"ထိပ်ဆုံး ၁၀ ယောက်လုံးက Big Three ကချည်းပဲ။"

"ဒါက Big Three ရဲ့ လွှမ်းမိုးနိုင်စွမ်းပေါ့!"

ကျောင်းသားများယူဆသလို သူတို့သည် ရန်ကျိုး ၏အကြီးဆုံး ဖျော်ဖြေရေး ကုမ္ပဏီ သုံးခု ဖြစ်တာကြောင့် Big Three ကသာ ဇယားကို အမှန်တကယ် အုပ်စိုးထားသင့်သည်။

"ဟေ့ထိပ်ဆုံး ၁၀ ယောက်ထဲက တေးရေးဆရာယောက်က ငါတို့ကျောင်းက ဘွဲ့ရထားတာ။ ၅ ယောက်မှာ သုံးယောက်က ငွေတောင်ပံတစ်ယောက်က Tongshan True Entertainment နဲ့ နောက်တစ်ယောက်က နီယွန်အနုပညာ နဲ့စာချုပ်ချုပ်ထားကြတာကွ"
ဆိုပြီး ကျောင်းသားတစ်ယောက်က စိတ်လှုပ်ရှားစွာပြောသည်။

Superstars Of Tomorrow Nơi câu chuyện tồn tại. Hãy khám phá bây giờ