Uni
တခြားအင်အားစု ၂ ခုလုံး သည်ပုံရိပ်ယောင် အနုပညာရှင်ဖန်တီးနိုင်စွမ်းရှိသူများဖြစ်ကြောင်း လူတိုင်းသိကြသည်။ အထူးသဖြင့် Tongshan True အင်အားစုပင်။ သူတို့ဖန်တီးထုတ်လုပ်လိုက်သည့် ဘယ်အနုပညာရှင်မဆို ပရိသတ် သန်းဆယ်ချီအောင် ရရှိထားကြသည်။ Xuan Huai သည်လည်း နောက်ထပ်အောင်မြင်မှု လက်ရာတစ်ခုဖြစ်လာသည်။ဒါ့အပြင် ၎င်းကို ဇာတ်ကားများ၌ပါ ပါဝင်စေခဲ့ရာ နောက်တွင် ဒီထက်ပိုအောင်မြင်လာတော့မည်မှာ ပြောစရာပင် မလိုတော့ပေ။ဒီလိုအရာနှင့် ငွေတောင်ပံရဲ့အဆင့်မမီီတဲ့ ပုံရိပ်ယောင်က ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ။
Bu Lai က သက်ပြင်းချရင်း"မင်းရဲ့အမြင်ကို Fei Lisi တို့ Xuan Huai တို့လောက်ထိမျှော်ကြည့်စရာမလိုပါဘူး။ အကောင်းဆုံးသာလုပ် တကယ်လို့မအောင်မြင်ခဲ့ရင်လည်း ငါတို့မင်းကို အပြစ်မတင်ပါဘူး"
အခြေအနေကိုကြည့်ရင်း Ya Erlin မျက်လုံးသာလှန်မိသည်။ ဟုတ်တာပေါ့ ငါတို့ကတော့ Fang Zhaoကို အပြစ်မတင်ဘူးဆိုပေမဲ့ အထက်လူကြီးတွေအနေနဲ့ကတော့ မတူဘူး
"ခင်ဗျားတို့သုံးယောက်ရော အကြိုက်ဆုံးပုံယောင်အနုပညာရှင်ရယ်လို့ ရှိကြလား"
"ဒါပေါ့••"
Ya Erlin တစ်ခုခုပြောဖို့ပြင်ပြီးမှ ရပ်လိုက်ကာ ရယ်ဟန်ဆောင်ရင်း
"အဲဒါကတော်တော်လေးကြာပြီဆိုတော့ သိပ်မမှတ်ှတ်တော့ဘူး"
Fang Zhao Bu Lai နဲ့ Julianဆီလှမ်းကြည့်လိုက်သည်။ သူတို့လည်း ဒီအကြောင်းနဲ့ပတ်သက်ပြီးပြောချင်ပုံမရပေ။
"ငါတို့ကစိတ်ပူလို့လာကြည့်တော့ ခုတော့ အလုပ်တွေရှိသေးလို့ ပြန်လိုက်ဦးမယ်Fang Zhao"
Bu Lai လက်ပြထွက်သွားသည်။
BINABASA MO ANG
Superstars Of Tomorrow
FantasyOriginal author: Chen Ci Lan Tiao, Lazy Cliché, 陈词懒调 Status in COO : 507 chapters