Uni
ထိုနေ့အချိန်၌ ပျင်းရိသောအရိုးများပင် နိုးထလာကြသည်။မနက်ပိုင်း အတန်းမတက်ရတဲ့ကျောင်းသားအများစုမှာ အွန်လိုင်းသုံးနေကြရာ ပို့စ်ကိုတွေ့၍နှိပ်ကြည့်လိုက်ကြသည်။
တစ်ချို့မှာလည်းဖွင့်ကြည့်ဖို့စိတ်မဝင်စားဘဲရောက်တတ်ရာရာသာလာရောက်ပြောဆိုချင်ကြသည်။ဂစ်တာလေးရဲ့စိတ်ကူး : "ဘယ်လိုသီချင်းမျိုးကများ မင်းကိုလှုပ်ရှားတတ်ကြွစေတာလဲ?"
အချောလေးရဲ့ အမိုက်စားသီချင်း : "Hehe, My Dear."
ရေကူးနေတဲ့ငါး : "ဘာ?"
အချောလေးရဲ့ အမိုက်စားသီချင်း : "ကိုယ်တိုင်သာရှာကြည့်လိုက်တော့။ မနက်စာစားရဦးမှာမို့ငါဆင်းလိုက်ဦးမယ်။ နေ့လယ်ကျရင်လည်းအိပ်မက်နတ်ဘုရားနဲ့သွားတွေ့ရဦးမှာမို့လို့။"
ကိုယ့်အချစ်လေး Mi Yu(မီယွိ) : "ခဏလေး! မင်းပြောတဲ့ အိပ်မက်နတ်ဘုရားဆိုတာ ငါတို့ကျောင်းက ထူးဆန်းတဲ့စိတ်ပညာဆရာကြီး ၃ ယောက်ထဲကတစ်ယောက်လား?"
အချောလေးရဲ့အမိုက်စားသီချင်း : "အတိအကျပဲ။"
ဂစ်တာလေးရဲ့စိတ်ကူး : "ငါသီချင်းကိုရှာကြည့်လိုက်ဦးမယ်။"
ရေကူးနေတဲ့ငါး : "ငါရောပဲ!"
ကိုယ့်အချစ်လေး Mi Yu : "ငါလည်းအတူတူပဲ !"
စကားဝိုင်းကို စောင့်ကြည့်နေတဲ့ အခြားသူများကလည်း နောက်ဆုံးတွင် သီချင်းကို နှိပ်ကြည့်လိုက်ကြသည်။ အိပ်မက်နတ်ဘုရား၏ အိပ်မွေ့ချတာကို ခံနိုင်ရည်ရှိစေတဲ့သီချင်းကို သူတို့လည်းသိချင်ကြသည်။
ESTÁS LEYENDO
Superstars Of Tomorrow
FantasíaOriginal author: Chen Ci Lan Tiao, Lazy Cliché, 陈词懒调 Status in COO : 507 chapters