Uni
Fang Sheng သည် လမ်းပေါ်မှ စကားသံများကို နောက်ချန်ခဲ့ပြီး ရည်မှန်းချက် အပြည့်နှင့် ထွက်သွားသည် တစ်ဖက်မှာလည်း Fang Zhao သည် Fang Sheng အကြောင်း တွေးမနေတော့ပေ
လူတိုင်းသူတို့ဘဝတွင် သစ္စာရှိမှုများ နှင့် သစ္စာဖောက်မှုများ ကြုံတွေ့ဖူးကြသည်။ ကပ်ဘေးကာလတွင် ထိုသို့သောကိစ္စများပိုတောင်များသေးသည်။ မိသားစုချစ်ခြင်းမေတ္တာသည်ပင် တခဏအတွင်း နက်ရှိုင်းသောအမုန်းတရားများအဖြစ်ပြောင်းလဲသွားနိုင်သည်။
မူရင်းပိုင်ရှင်အတွက် သေချာပေါက်ကလဲ့စားချေပေးမည်ဖြစ်သော်လည်း ယခုအချိန်အရေးကြီးဆုံးကိစ္စမှာ ငွေတောင်ပံမီဒီယာ အတွက် သီချင်းသစ်တစ်ပုဒ်ရေးစပ်ရန်ဖြစ်သည်။ အကယ်၍ သတ်မှတ်ရက်အတွင်း မပြီးပါက အလုပ်ပြုတ်မည့်အပြင် ယခုရာသီ၏ပြိုင်ပွဲဝင်ခွင့်ကိုပါ ဆုံးရှုံးရလိမ့်မည်။ နောက်ဆုံးရလဒ်အနေနဲ့ ဘဝမှာရှင်သန်နေထိုင်ရန် ပိုခက်ခဲလာလိမ့်မည်။
ပြိုင်ပွဲကို မေလကုန်ပိုင်းတွင် ကျင်းပမှာဖြစ်သည် ပြိုင်ပွဲကို သုံးလတစ်ခါကျင်းပကြပြီး တစ်ခုစီသည် သုံးလခန့်ကြာမြင့်သည်
နောက်လပါဝင်လာမည့်လူသစ်များကို လူသစ်ဦးဆောင်သူပြဇယားတွင် သီးသန့့်ဖော်ပြထားသည် ဒီနှစ်သည် လူသစ်တွေကြား ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးအချိန်ဖြစ်သည် နာမည်ကြီးတေးသံသွင်းကုမ္ပဏီများကလည်း ၎င်းတို့၏ သင်တန်းသားများကို အပြင်းထန်ဆုံး တွန်းအားပေးသည့်အချိန်လည်းဖြစ်သည်။
လုပ်နိုင်စွမ်းရှိသူများအတွက်ကျော်ကြားမှုနှင့် စည်းစိမ်ဥစ္စာများသည် အာမခံဖြစ်လာပြီးရှေ့ဆက်ရမယ့်လမ်းကလည်း ပိိုမိုချောမွေ့လာမည်။ ၎င်းတို့၏ တေးသံသွင်းကုမ္ပဏီများကလည်း မဆိုင်းမတွ အားသွန်စိုက်ထောက်ပံ့ပေးလိမ့်မည်။ သို့သော် ပြိုင်ပွဲ၌ မအောင်မြင်ခဲ့ပါလျှင် လုပ်ငန်းအတွင်းက သူတို့ကို အလားအလာမကောင်းသူအဖြစ် ဘေးဖယ်ထားပြီး သူတို့ရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်များလည်း ရပ်တန့့်သွားမည်ဖြစ်သည်။
မူလပိုင်ရှင်သည် ပြိုင်ပွဲကို အလွန်အလေးအနက်ထားခဲ့သည်။ ဇွန်လရောက်ရန် နှစ်ရက်သာလိုတော့၍ Fang Zhao မှာ အချိန်သိပ်မကျန်တော့ပေ ထိုသီချင်းသုံးပုဒ်၏ မူပိုင်ခွင့်နှင့်ပတ်သက်၍ Fang Sheng အား စိန်ခေါ်ရန် ကြိုးစားခြင်းသည် အချည်းနှီးသာဖြစ်ပြီး သူ့တွင်လည်း ဘာသက်သေအထောက်အထားမှမရှိပေ။ ဒါ့အပြင် Fang Sheng လည်း တိုက်ပွဲအတွက် ပြင်ဆင်ထားသည်။ တရားရင်ဆိုင်လျှင် ရာသီနှစ်ခုအထိ ကြာသွားနိုင်ပြီး သူလည်းဘာမှရနိုင်မည်မဟုတ်ပေ။ ဒါ့အပြင် သူ့ဘဝ အောင်မြင်နိုင်မည့်အခွင့်အရေးကို လွဲချော်သွားလိမ့်မည်။
Fang Zhao သည် ပစ္စည်းများကို စတိုးဆိုင်သို့ ပြန်ပေးပြီးနောက် ခွေးလေးနှင့် နောက်ထပ် 100 မီတာ အကွာက ဆေးဆိုင်သို့ ဆက်သွားသည်။ မူလပိုင်ရှင် သူ့ကိုယ်သူ သတ်သေရန် သုံးသည့် အဆိပ်ကို ပုံမှန် ဆေးဆိုင်မှာ မရရှိနိုင်ပေ။ ပြင်းထန်သောဆေးဝါးများဝယ်ယူရန် ဆရာဝန်ခွင့်ပြုချက်လိုအပ်သော်လည်း ပုံမှန်နှင့်ကွဲပြားသော မှောင်ခိုလမ်းများတွင်ဆန္ဒရှိလျှင် နည်းလမ်းရှိစမြဲဖြစ်သည်
![](https://img.wattpad.com/cover/302952539-288-k37648.jpg)
ESTÁS LEYENDO
Superstars Of Tomorrow
FantasíaOriginal author: Chen Ci Lan Tiao, Lazy Cliché, 陈词懒调 Status in COO : 507 chapters