Uni
မွန်းတည့်နေရောင်က မှုန်မှိုင်းအေးစက်နေတဲ့လမ်းပေါ် ဖြန့်ကျက်တောက်ပပေးနေသည်
ဆိုင်ရှင် Yue Qing ကလည်း နေ့ခင်းဘက် အလုပ်ပါးသောကြောင့် နေပူစာလှုံရင်း တစ်ရေးတစ်မောအိပ်ရန် ဆိုင်ရှေ့သို့ကုလားထိုင်လေးဆွဲကာထွက်လာသည် မှောင်ခိုလမ်းများက ညဘက်မှာ အစည်ကားဆုံးဖြစ်သောကြောင့် သူ့အတွက် အိပ်ချိန်နည်းပါးသည် ဒါကြောင့် နေ့လယ်နေ့ခင်းမှတစ်မှေးမှေးရသည် မှောင်ခိုလမ်းရှိ ဆိုင်ရှင်တိုင်းလိုလို နေ့လယ်ဘက် တစ်ရေးအိပ်တတ်ကြသည်
Fang Zhao သည် အစာခြောက်နှစ်ခုကို ပါးစပ်အပြည့် စားသောက်ပြီးနောက် သူခြေရင်းတွင်ထိုင်နေသောခွေးလေးကို ကြည့်လိုက်သည် ခွေးလေးမှာလည်းစားသောက်ပြီးစီးသွားပြီဖြစ်ပြီး အစအနများကိုလျက်ရင်းလက်စသတ်နေသည် လမ်းဘေးခွေးများသည် အစားအစာနှင့်ပတ်သက်၍ စားသင့် မစားသင့် သူတို့နားလည်ကြသည် ဒီလိုအခြေခံကျွမ်းကျင်မှုများမရှိလျှင် ဒီလိုလမ်းများပေါ်တွင် ဒီလောက်ကြာကြာအသက်ရှင်နိုင်မည်မဟုတ်ပေအစာစားချင်စိတ်ကိုဖြေဖျောက်ပြီးနောက် Fang Zhao သည် ထိုနေရာ၌ထိုင်ကာ ကောင်းကင်ကြီးကို စက္ကန့်မလပ်ကြည့်နေမိသည် ကောင်းကင်မှာ အပြာရောင်အလင်းတန်းကြီးလိုဖြစ်နေကာ နေရောင်မှာလည်း မြေပြင်ကို ရဲရင့်စွာဖြာကျနေသည် ကပ်ဘေးတွင်းက မှောင်မိုက်ခြင်းနှင့် သွေးလွှမ်းခြင်းလက္ခဏာများ လုံးဝမရှိတော့ပေ
"ကောင်းလိုက်တာ"
ကပ်ဘေးကြီးမဖြစ်ခဲ့ဖူးသလိုပင်
ခေတ်သစ်မှလူများကကမ္ဘာပျက်ကာလကို ပျက်ဆီးခြင်းကာလ (သို့) ခေတ်ပျက်ဟု ခေါ်ကြသည် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများနှင့် မျိုးသုဉ်းမှုများ ကာလရှည်ကြာဖြစ်ပွားပြီးနောက်၊ ကမ္ဘာပေါ်ရှိ အရာအားလုံးတစ်ဖန်မွေးဖွားလာခဲ့သည် ကမ္ဘာဂြိုဟ်ကြီးအတွက် လူတိုင်းမှာ တာဝန်ရှိသည်
ကမ္ဘာကြီးနောက်တစ်ကြိမ် ပြန်လည်အသက်ဝင်လာခဲ့ပြီ ကမ္ဘာကြီး ဒီလို အေးအေးချမ်းချမ်းမရှိတာ အတော်ကြာခဲ့ပြီ ခုတော့ သူ့ဈာန်ဝင်စားမှုတွေ ပြန်လည်ပတ်လာပြီ

VOUS LISEZ
Superstars Of Tomorrow
FantasyOriginal author: Chen Ci Lan Tiao, Lazy Cliché, 陈词懒调 Status in COO : 507 chapters