Chap 7 အရည်အချင်း

411 85 2
                                    

Uni

ခိုးယူခံရမှုမှကာကွယ်ရန် သီချင်းနမူနာတိုင်းကို ဆော့ဖ်ဝဲလ်အတွင်းတွင် လျို့ဝှက်ကုတ်(code) ခံ၍ပို့ရသည်။Du Ang သည်နမူနာများကို နားထောင်ရန် ကုတ်အရင်ထည့့်ရသည်ည်။
နမူနာကို နားထောင်နေစဉ် Du Ang သည် Fang Zhao နမူနာနဲ့အတူ ပို့လိုက်သော မှတ်တမ်းစာရွက်များကို ဖတ်ကြည့်လိုက်သည်။  သူ့မျက်မှောင်များပြေလျော့သွားပြီး သူ့မျက်လုံးထဲတွင် အံ့​အားသင့့်မှုများပေါ်လာပြီး ရှားရှားပါးပါးအပြုံးတစ်ပွင့်ပေါ်လာသည်။ 

"သူက တအားတော်တာပဲ !"

Du Ang သည်လူသစ်များစွာကို လမ်းညွှန်သင်ကြားပေးရသောကြောင့် သူ့တွင် သီချင်းရေးရာ၌ ပါရမီမပါရင်တောင်လူ သီချင်းတစ်ပုဒ်၏ အလားအလာကိုတော့ဆုံးဖြတ်နိုင်နေဆဲဖြစ်သည်။ နမူနာများသည် မပြည့်စုံသေးသည့် အကြမ်းထည်များသာဖြစ်သော်လည်း၊ ထိုနမူနာတိုလေးမှ အများအပြားကို ခန့့်မှန်းတွက်ချက်နိုင်သည်။

  ဒီသီချင်းပြီးသွားရင်တော့ OK သွားပြီ ဆိုရမည်။  အနည်းဆုံးတော့ စိတ်မဆင်းရဲရတော့ဘူးပေါ့။

  Du Ang သည် Fang Zhao ပို့လိုက်သော သီချင်းကြောင့် ပျော်ရွှင်နေခဲ့သည်။  အထက်ကဖိအားများကြားမှ ကလေးအတွက် ၁၀ ရက်အချိန်ပေးနိုင်ရန်စည်းရုံးခဲ့သော ဆုံးဖြတ်ချက်မှာ မှန်ကန်ကြောင်း သက်သေပြနိုင်ခဲ့သည်။

နမူနာကို နားထောင်ပြီးနောက် Du Ang သည် Fang Zhao ဆီသို့ စာလိုက်သည်။

"ဒီနေ့နေ့လယ် ရုံးကိုလာပြီး သီချင်းတစ်ပုဒ်လုံး အသံသွင်းဖို့ လုပ်လိုက်တော့။"

နည်းပညာတိုးတက်မှုများက ထုတ်လုပ်မှုအချိန်ကို သိသိသာသာ လျှော့ချပေးနိုင်သော်လည်း Du Ang သည် သီချင်းတစ်ပုဒ်လုံးပြီးမှသာစိတ်ချနိုင်မည်ဖြစ်သည်။  ဒီရာသီရဲ့ အရည်အချင်းသစ်ပြိုင်ပွဲတွေ ပြီးခါနီးနေပြီမှာ ပြောစရာပင်မလိုပေ။ ဒီလိုမှမလောလျှင် သူများနောက်မှာ ဖုန်ရှူနေရလိမ့်မယ်။

စာပို့ပြီးနောက် Du Ang သည် ကုမ္ပဏီကို လှမ်းဆက်သွယ်လိုက်သည်။ 

Superstars Of Tomorrow Nơi câu chuyện tồn tại. Hãy khám phá bây giờ