Uni
Fang Zhao : "ဒါဆို ကျွန်တော်တို့ ပုံရိပ်ယောင် အနုပညာရှင်(idol)ကရော ဘယ်လိုပုံဖြစ်သင့်တယ်လို့ထင်လဲ"
သူက ဒီ idolတွေနဲ့ ပတ်သက်ပြီး ခုချိန်မှာ လုံးဝလူသစ်တစ်ယောက်ပင်။ ကမ္ဘာမပျက်ခင်က ဒီလို ပုံရိပ်ယောင်အနုပညာရှင်တွေရှိခဲ့ဖူးတယ်ဆိုပေမဲ့ လက်ရှိအနေအထားနဲ့မတူပေ။ ယနေ့ခေတ် အနုပညာရှင်များက ရင့်ကျက်ပြည့်ဝသည့်ပုံစံမျိုးဖြစ်သည်။ထိုပုံစံနှစ်ခုထဲကတစ်ခုရွေးဖို့ရာ ခက်ခဲလှသည်။
Zu Wen ကထိုင်ခုံမှအလန့်တကြားခုန်ထကာ
"ကျွန်တော့ကိုမမေးနဲ့။ ကျွန်တော်က ပုံဖော်ပေးရတဲ့ နည်းပညာရှင်သက်သက်ပဲ။idol ရဲ့ ပုံပန်သဏ္ဍာန်နဲ့ပတ်သက်ပြီး ထုတ်လုပ်သူကပဲဆုံးဖြတ်ရတာ။ ထုတ်လုပ်သူပြောပြတဲ့ပုံစံပေါ်မူတည်ပြီး ဖန်တီးပေးရတာကသာ ကျွန်တော့်တာဝန်။ရှင်းရှင်းပြောရရင်ဗျာ ခင်ဗျားလုပ်ခိုင်းတာကိုပဲ ကျွန်တော်ကလုပ်ရမှာ။ ကျွန်တော်တို့ဘာလုပ်ရမယ်ဆိုတာကို ထုတ်လုပ်သူဖြစ်တဲ့ခင်ဗျားက ဆုံးဖြတ်ပေးရမှာ"
Zu Wen ကြည့်ရတာ ကြားညှပ်မခံချင်ပုံပင်။ထိုကဲ့သို့သောလေထုက ငွေတောင်ပံရဲ့ပုံရိပ်ယောင်အနုပညာရှင်ပရောဂျက်တစ်ခုလုံးကိုဝန်းရံထားသည်။သူ့အကြံပါဝင်သည့် ပရောဂျက်အရှုံးပေါသည်နှင့် သူလည်းဒုက္ခရောက်မည်ဖြစ်သည်။
ပလိပ်ရောဂါလိုပရောဂျက်ကို လူတိုင်းကခေါင်းရှောင်နေကြရာ idol ရဲ့သွင်ပြင်ကို ကိုယ်တိုင်သာဒီဇိုင်းဆွဲရတော့မည်ဖြစ်ကြောင်းသဘောပေါက်သွားသည်။ဒါကိုဘယ်သူမှကိုင်တွယ်ချင်ပုံမရပေ။
"တစ်ခြားကိစ္စမရှိတော့ရင် ကျွန်တော်ပြန်လိုက်ဦးမယ်ဗျ"
Zu Wen က တာဝန်ကို အစီရင်ခံရင်းထုတ်လုပ်သူအသစ်ကို လာကြည့်ခြင်းသာဖြစ်သည်။
KAMU SEDANG MEMBACA
Superstars Of Tomorrow
FantasiOriginal author: Chen Ci Lan Tiao, Lazy Cliché, 陈词懒调 Status in COO : 507 chapters