ပုံရိပ်ယောင်အနုပညာရှင်ဖန်တီးဖို့ ဘာလို့ အဖွဲ့တစ်ဖွဲ့လိုအပ်လဲဆိုတာ Fang Zhao နားလည်သွားသည်။ သူနဲ့ Zu Wen ၂ ယောက်လုံး သေမတတ်အလုပ်လုပ်နေရတာတောင်လုပ်ငန်းစဉ်က နည်းနည်းပဲရောက်သေးတယ်။
ဝန်ထမ်း ထပ်ခေါ်ရမယ်။
လူတိုင်းက အထပ် ၅၀ ကို ကပ်ဆိုးတစ်ခုလိုရှောင်နေကြရာ ဘယ်သူမှ မပါဝင် မပတ်သက်လိုပေ။
ရန်ပုံငွေပမာဏမှာလည်း အကန့်အသတ်နဲ့ဖြစ်လေရာ အပြင်က ဝန်ထမ်းအသစ်ထပ်ခန့်ဖို့ရာ မဖြစ်နိုင်ပေ။ ဆိုတော့ Fang Zhao အနေနဲ့ တစ်ခြားဌာနများဆီက ဝန်ထမ်းငှားရတော့မည်ဖြစ်သည်။
အနုပညာရှင်၏ ကနဦးပုံစံကို ဆုံးဖြတ်ပြီးနောက် Fang Zhao မှာ အသံသရုပ်ဆောင်ရှာဖို့အပြင် ၎င်းအသံကို ပြုပြင်ပေးမည့် အသံပိုင်းဆိုင်ရာ ပညာရှင်တစ်ယောက်လည်း ငှားဖို့လိုသည်။
ပညာရှင်ငှားခြင်းသည် နာရီအလိုက်ပေးဖို့သာလို၍ ရှာရလွယ်သည်။၎င်းကို အသံသရုပ်ဆောင်ရပြီးသည်ထိ စောင့်လို့ရသည်။
အသံသရုပ်ဆောင်ကို ကုမ္ပဏီနဲ့လက်မှတ်ထိုးထားတဲ့သူတွေထဲက ရှာဖို့ Zu Wen က Fang Zhao အား အကြံပေးဖူးသည်။ကုမ္ပဏီ၌ နောက်ခံအသံသွင်းသည့်အပိုင်းလည်းရှိသည်။၎င်းမှာအရမ်းကြီး မကြီးကျယ်သော်လည်း သူဟာနှင့်သူတော့ လုပ်စရာများပြည့်နေတတ်ကြသည်။သူတို့က ဒီဘက်ကို ပြောင်းနိုင်သည်ဆိုလျှင်ပင် ပေးရမည့်ကြေးကနည်းမည်မဟုတ်ပေ။ပြီးတော့ သူတို့ အသံသွင်းသရုပ်ဆောင်ပေးရသည်က နာမည်ကြီးအနုပညာရှင်များအတွက်ဖြစ်လေရာ ဒီလို ပုံရိပ်ယောင်လေးအတွက်လောက်ကို ခေါင်းထဲထည့်လိမ့်မည်မဟုတ်ပေ။ဒီတော့ လက်မှတ်မထိုးထားသေးတဲ့ အဆိုတော်လေးတွေနဲ့ လက်တွဲလိုက်သည်က သူ့အတွက်ပိုအဆင်ပြေလိမ့်မည်။ဒုတိယအဆင့် အဆိုတော်များမှာလည်း ကုမ္ပဏီအတွက် အလုပ်လုပ်ပေးရသော်လည်း ဈေးမှာ တသမတ်ထဲဖြစ်၍ သက်သာသည်။
Fang Zhao လူသစ်လေးတွေနဲ့ စမ်းကြည့်လိုသည်။Du Ang က သူ့ boss ဖြစ်၍ သူ့ဆီအရင်သွားရှာရမည်။
Du Ang မှာ မနက်အိပ်ရာနိုးကတည်း မျက်ခွံများ ဆက်တိုက်လှုပ်နေသဖြင့် စိတ်ထင့်နေမိသည်။ဒါကြောင့် လုပ်လက်စတွေရော ပြီးပြီသားတွေပါ လွတ်သွားသည်မရှိရအောင်ပြန်စစ်ဆေးနေသည်။ဒါ့ပြင် စောင့်ကြည့်ဖို့လိုသည့်လုပ်လက်စ ပရောဂျက်များနှင့် နောက်လာမည့်တာဝန်များပါကို စစ်ကြည့်လိုက်သည်။
YOU ARE READING
Superstars Of Tomorrow
FantasyOriginal author: Chen Ci Lan Tiao, Lazy Cliché, 陈词懒调 Status in COO : 507 chapters