Fang Zhao မှာ စိတ်ရှုပ်နေဆဲပင်။ဒါ့ကြောင့် Chu Guang သည် လက်ပတ်ကိုဖွင့်ပြီး ပုံဆွဲသည့်မုဒ်သို့ပြောင်းလိုက်သည်။
"ရှင်းအောင်ပြောရရင်----"
Chu Guang က စခရင်တွင် စက်ဝိုင်း ၂ခုပုံ ဆွဲလိုက်ပြီး အလယ်က မျဉ်းဖြောင့်တစ်ကြောင်းနဲ့ဆက်လိုက်သည်။ပြီးနောက် ဘယ်ဘက်က စက်ဝိုင်းကို ထောက်ပြပြီး
"ဒါကို သန်မာတဲ့လူလို့မှတ်"
ထိုနောက် ညာဘက်ကစက်ဝိုင်းကို ထိုးပြပြီး
"ဒါကတော့ ကနွဲ့ကလျပုံနဲ့လူပေါ့"Fang Zhao ခေါင်းညှိတ်လိုက်သည်။
Chu Guang က ၃ ခုမြောက် စက်ဝိုင်းကို မျဉ်းအလယ်မှာဆွဲလိုက်သည်။
"ဒါကတော့ မျိုးစပ်ပေါ့။ Reg ခေတ်က ပုံရိပ်ယောင်အနုပညာရှင်တွေအများစုက အလယ်က မျိုးစပ်တွေဖြစ်ရင်ဖြစ်၊ မဟုတ်ရင် ဘယ်ဘက်နည်းနည်းရောက်တဲ့ပုံစံတွေချည်းပဲ။ ညာဖက်ကိုနည်းနည်းရောက်တဲ့ အနုပညာရှင်တွေလည်းရှိတော့ရှိပေမဲ့ မပြောပလောက်တဲ့ အနေအထားမှာပဲရှိခဲ့တာ ။ ဒါပေမဲ့ Reg ခေတ်လဲလွန်ရော ပုံရိပ်ယောင်အနုပညာရှင်တွေရဲ့ပုံစံက ညာဖက်လမ်းကြောင်းပေါ် လုံးဝကြီးပြောင်းသွားပါလေရော ။အဲဒါကြောင့် ငါ့ဦးလေးကလည်း ဒီလိုမှတ်ချက်ပေးခဲ့တာ။ငါ့ဦးလေးက နည်းနည်း လေကြီးတယ်ဆိုပေမဲ့ သူပြောတာတွေက မမှားကြောင်း စစ်တမ်းဒေတာတွေကို ကြည့်ရင် သိလိမ့်မယ်။"
BẠN ĐANG ĐỌC
Superstars Of Tomorrow
Viễn tưởngOriginal author: Chen Ci Lan Tiao, Lazy Cliché, 陈词懒调 Status in COO : 507 chapters