Chap 16 ဘွဲ့ယူခြင်း

106 21 2
                                    

အရည်အသွေး အနေအထားပြည့်စုံသည့်မျက်မှန်နှင့် နားကြပ်များကြောင့် ကြည့်ရ၊ ခံစားရပိုကောင်းလာသည်။၎င်းတို့ကြောင့်အဖြစ်အပျက်များ သက်ဝင်လှုပ်ရှားလာပုံမှာ မေးခွန်းထုတ်စရာပင်။

ပုံစံဖော်မှုနည်းပညာသည် လှုံ့ဆော်မှုပြနည်းပညာ တစ်နည်းအားဖြင့် လူအများခေါ်ကြသည့် ပုံရိပ်ယောင်တို့ကို သဘာဝကျအောင်ဖန်တီးသည့် နည်းပညာနှင့်အတူတူပင်ဖြစ်သည်။

တိုက်ရိုက်တင်ဆက်သည့်ရှိုးပွဲမျိုးမှာ အမှန်တကယ် ပြင်ပ၌လက်တွေ့သရုပ်ဖော်တင်ဆက်ကြခြင်းဖြစ်ပြီး ပရိသတ်များက တက်ရောက်ရန်လက်မှတ်ဝယ်ရသည်။ပုံရိပ်ယောင်အနုပညာရှင်တို့၏ဖျော်ဖြေပွဲမှာမူ ပုံစံဖော်မှုနည်းပညာ၏အကူအညီဖြင့် အွန်လိုင်းပေါ်၌တင်ဆက်ကြခြင်းဖြစ်သည်။

ပုံရိပ်ယောင်နည်းပညာရဲ့ဖွံ့ဖြိုးလာမှုနဲ့အတူ စင်ပေါ်က မီးတောင်လိုအရှိန်အဝါနဲ့ဖျော်ဖြေမှုတွေကို မတူညီတဲ့အချိန်နဲ့နေရာတွေဆီကနေခံစားကြည့်ရှုနိုင်ပြီဖြစ်သည်။

စင်ပေါ်မှာတောက်ပနေတဲ့ အလင်းရောင်က အတုဖြစ်ဖြစ် အစစ်ဖြစ်ဖြစ် ပရိသတ်စိတ်ဝင်စားနေသေးသ၍ သူတို့ရဲ့အာရုံကစင်ပေါ်ကလူဆီမှာပဲရှိတယ်။

ပွဲရဲ့ထူးခြားတဲ့သံစဉ်နဲ့ တုန်ခါတဲ့အသံတို့ကို အသံအစစ်များဖြင့် ပြန်လည်ဖန်တီးထားခြင်းဖြစ်သည်။ဒါပေမဲ့ Fang Zhao အမြဲတဝဲလည်လည်စဉ်းစားနေမိတာက ဖျော်ဖြေတဲ့သူတွေက သီချင်းရဲ့ အရည်အသွေးထက် အသံအနေအထားကိုဘဲ ဘာလို့အာရုံစိုက်နေကြတာလဲ။

တကယ့်လူသားအနုပညာရှင်တွေလိုပဲ အောင်မြင်နေတဲ့ပုံရိပ်ယောင်အနုပညာရှင်တွေမှာလည်း ကိုယ်ပိုင်စတိုင်အမျိုးမျိုးရှိကြသည်။ပုံရိပ်ယောင်အနုပညာရှင်များတွင် ပေါ့ပေါ့ပါးပါးနေတတ်တဲ့ပုံစံ၊ နည်းနည်းစိတ်ဓာတ်ကျအားငယ်တတ်တဲ့ပုံစံ၊ ရင့်ကျက်တဲ့ပုံစံ၊ အလွန်ချစ်ဖို့ကောင်းတဲ့ပုံစံ စသဖြင့်
၎င်းတို့၏ စရိုက်ပေါ်အောင် ဖန်တီးပေးရသည့်အဖွဲ့ရှိသည်။

လူသားအနုပညာရှင်များနှင့် မတူသည့်အချက်မှာ လူသားများက အချိန်စီးဆင်းမှုနှင့်ပတ်သက်ပြီး လုပ်ကြံဖန်တီးဖို့လိုသော်လည်း ပုံရိပ်ယောင်အနုပညာရှင်များကမူ အသက်ကြီးရင့်မှုမရှိဘဲ နဂိုရှိရင်းစွဲအသက်အတိုင်းသာရှိကြသည်။

Superstars Of Tomorrow Tempat cerita menjadi hidup. Temukan sekarang