🍁5🍁

813 85 25
                                    

#အပိုင်း-၅

"အားးးး သွားစမ်းသွားစမ်း..!"

တစ်လွင့်လွင့်ဖြစ်နေသော အဖြူရောင်လိုက်ကာတွေရှိနေတဲ့ အခန်းလေးထဲက အဖြူရောင်မွေ့ယာကြီးထက် ပန်းပွင့်ဖြူလေးဟာ လူးလိမ့်လျက်ရှိသည်။

"ဘာလဲ..! ဘာလဲကွာ..! ဘာလို့ အဲ့လူကြီးက ငါမျက်စိမှိတ်တိုင်းပေါ်ပေါ်လာရဝာာလဲ..!"

မျက်စိမှိတ်ချလိုက်သည်နှင့် မြင်နေရသည်က မျက်လုံးတစ်ဖက် မှိတ်ပြနေသည့် ထိုလူ။ အိမ်ပြန်ရောက်ကထဲက အခန်းထဲမှာပဲ ၀င်အောင်းနေခဲ့တာ။

ဘာမှန်းမသိတဲ့ ခံစားချက်ကြီးကြောင့် ရင်တွေတုန်ပြီး မောလာရသည့်အပြင် ချွေးပါတဒီးဒီး ကျလာရသည်မို့ ရေချိုးကာ ခဏတာ အိပ်စက်ဖို့ ကြိုးစားနေမိသည်။

ဘယ်လိုမှ အိပ်လို့မရအောင် ထိုလူကြီးက နှောက်ယှက်နေတာ ယခုအချိန်ထိပင်။ နေ့လည်မွန်းတည့်ချိန်တောင် ရောက်တော့မည်။ အခုထိ ကျွန်တော် တစ်ရေးမရသေး။

*ဒေါက်..ဒေါက်*

"သားငယ် နေ့လည်စာစားရအောင်လေ ခုထိမနိုးသေးဘူးလား"

မေမေ့ကိုလဲ ခဏလောက်အိပ်ချင်တယ်ဆိုပြီး ပြောထားခဲ့တာ။ ခုတော့ တစ်မိနစ်လေးတောင် မျက်လုံးကောင်းကောင်းမမှိတ်ရသေးဘူး ဟူ၍ပင် အော်ပြောချင်စိတ်ပေါက်လာရသည်။

"သားငယ် မာမီ၀င်လာပြီနော်"

မာမီ့အမေးကိုလဲ ပြန်မဖြေမိ။ လူက ငိုချင်တာလိုလို ၀မ်းနည်းတာလိုလိုပင်ဖြစ်လာရသည်။ သို့သော်လဲ ယောက်ျားလေးတစ်ယောက်နှင့်ပတ်သက်၍ ဖြစ်လာသည့်ခံစားချက်အား မာမီ့ကို မပြောပြချင်။

"သားငယ်က နိုးနေတာပဲ"

"ဟုတ် မာမီ"

"နေ့လည်စာစားရအောင်...သားဒယ်ဒီလဲရောက်နေပြီ"

"ဒယ်ဒီက companyမသွားဘူးလား"

ကုတင်ပေါ်ကဆင်းရင်း ‌မာမီနှင့်အတူ အခန်းထဲမှထွက်ကာ စကားဆိုမိသည်။

"မာမီပြောစရာလေးရှိလို့ ခေါ်လိုက်တာလေ"

"ဖုန်းထဲကမပြောပဲနဲ့မာမီရယ်...ဒယ်ဒီ့ကို ပင်ပန်းအောင်လုပ်တယ် ဟွန့်"

ғᴀʟsᴇ ʀᴇᴠᴇɴɢᴇ ✓ [ Completed ]Where stories live. Discover now