🍁13🍁

678 75 28
                                    

#အပိုင်း-၁၃

ကော်ဖီဆိုင်မှာသူ့ကို တစ်ယောက်ထဲထားခဲ့ပြီးကတည်းက အခုထိ ဖုန်းသေချာမဆက်ရသေး။ ဖုန်းဆက်ဖို့ တွန့်ဆုတ်နေမိတာအမှန်။ ဆက်ဖို့ ကြိုးစားလိုက်တိုင်းမှာလဲ သူဆက်မှာပါဆိုပြီး ဖုန်းကို လက်ထဲကပြန်ချလိုက်မိသည်။

~de..de..de~

ချက်ချင်းထမြည်လာတဲ့ ဖုန်းကြောင့် သွင်ငယ်အထင်နှင့် လျင်မြန်စွာ ကောက်ယူကြည့်တော့ မ'ဆီကဖြစ်နေလေသည်။

"ဟယ်လို မ' ဘာလို့မောင့်ကိုခုမှ ဖုန်းဆက်ရတာလဲ...မောင်ဆက်တုန်းကဖြင့် မကိုင်ဘဲနဲ့"

(မောင်မျှော်နေတဲ့ဖုန်းမဟုတ်လို့ မ'ကို အပြစ်ပြောနေတာလား)

"မဟုတ်ပါဘူး မ'ရဲ့"

(လွမ်းတယ်မောင်...မ'နဲ့ တစ်ညလုံးဖုန်းပြောကြရအောင်)

တစ်ညလုံး..? သွင်ငယ်ကရော။ သူကျွန်တော့်ဖုန်းကိုမျှော်နေမှာ။ တကယ်လို့ သူဆက်တဲ့အချိန်မှာ ကျွန်တော့်ဖုန်းကမအားရင်လဲ-

(မောင်ကမပြောချင်လဲ ထားလိုက်ပါဝောာ့)

"မဟုတ်ပါဘူး မ'ရဲ့ ပြောချင်ပါဝာယ်...တစ်ညလုံးမှမဟုတ်ဘူး မိုးလင်းတဲ့အထိပြောလဲရတယ်"

သွင်ငယ့်ကို စိတ်ထဲက ခဏထုတ်ရင်း မ'နဲ့တီတီတာတာတွေပြောလိုက်သည်။ ကြာလာတော့ ကျွန်ဝောာ့်စိတ်ထဲ ပျော်သလိုပင်ဖြစ်လာရသည်။ အတန်ကြာသည်အထိ ကြည်နူးစရာတွေပြောနေခဲ့ပြီးချိန်မှာတော့ မ'ဟာ သွင်ငယ်နှင့်ပတ်သက်သည့်စကားတွေကို အစပျိုးတော့သည်။

(ဟိုကောင်လေးနဲ့ အခြေအနေကဘယ်လိုလဲမောင်...ပျော်စရာကောင်းရဲ့လား)

မ'ရဲ့အမေးကြောင့် ကိုယ့်ကိုယ်ကို မလုံမလဲပင်ဖြစ်လာရသည်။ ထို့ကြောင့် ဒေါသစိတ်အနည်းငယ်နှင့် ပြောမိပြောရာတွေပြောလိုက်မိသည်။

"အဖြေရပြီးပြီ မနက်ဖြန်ပဲ မ'ရဲ့လူအချို့ခေါ်ထားလိုက်ပါ"

(မရဲ့လူအချို့..? ဘာလုပ်ဖို့လဲ)

"ကျွန်တော်သူ့ကိုမချစ်တဲ့အကြောင်း မ'ကိုသက်သေပြမလို့လေ"

(မ'ရဲ့လူတွေအကူအညီနဲ့ သူ့ကို နာကျင်အောင်လုပ်ခိုင်းဖို့အတွက်လား...မောင်ကိုယ်တိုင်မလုပ်ရက်လို့လား)

ғᴀʟsᴇ ʀᴇᴠᴇɴɢᴇ ✓ [ Completed ]Donde viven las historias. Descúbrelo ahora