🍁14🍁

677 73 13
                                    

#အပိုင်း-၁၄

"ရူးချက်ကတော့လက်လန်တယ်"

လူကြီးဂရုစိုက်တာကိုလိုချင်လို့ ကိုယ့်ကိုယ်ကို အသားနာအောင်ပြန်လုပ်လိုက်တော့ ရလာတဲ့အကျိုးဆက်က ရူးတယ်လို့အပြောခံရပြီး ဂရုစိုက်ခံရတာပါပဲ။

လူကြီးဟာ ကော်ဖီဆိုင်က ဆေးသေတ္တာကို ငှားယူရင်း ခြေချောင်းပေါ်က ပတ်တီးတွေကို အသစ်လဲပေးသည်။ ဆေးကိုလဲ ဂရုတစ်စိုက် သေချာထည့်ပေးသည်မို့ ဆေးထည့်ပေးနေစဉ်တစ်လျှောက်လုံး သွားမဖုံးနိုင်အောင်ပင် ပြုံးနေမိသည်။

"လူကို ဒေါသထွက်အောင် မလုပ်နဲ့နော်...ကိုယ့်ချစ်သူအကြောင်းကိုယ်သိအောင်လုပ်ထား...ကျွန်တော်က ဒေါသထွက်ရင် ကိုယ့်အသားကိုယ်နာအောင်လုပ်တာ"

"အဟင်း...အရူး..!"

လူကြီးဟာ တစ်ချက်ရယ်လိုက်ပြီး ကျွန်ဝောာ့်ကို အရူးဟု ပြောလေသည်။ ရယ်လိုက်တာက ခ'နဲ့သလိုမျိုးရယ်တာမဟုတ်ပဲ၊ မလွယ်ဘူးဆိုသော ပုံစံမျိုးနှင့် ရယ်လိုက်ခြင်းဖြစ်သည်။

"လူကြီး ကျွန်တော့်ကိုချစ်လား"

"ဟမ်"

ကျွန်တော့်စကားကြောင့် ကြောင်အအနှင့် ဟမ်ဟုပြောလာသော လူကြီးကို စိတ်တိုရပြန်သည်။ ထို့ကြောင့် လူကြီးရဲ့ အကျီ-လည်ပင်းစကို ဆွဲဆောင့်ပစ်ရင်း ကျွန်တော့်မျက်နှာနှင့်အနီးဆုံးသို့ ဆွဲကပ်လိုက်ကာ လူကြီးမျက်လုံးတွေကို စူးစိုက်ကြည့်လိုက်သည်။

"ဖြေရခက်နေတာလား လူကြီး"

"မဟုတ်ပါဘူး ကိုယ်သွင်ငယ်ကိုချစ်ပါတယ်..ရုတ်တရက်ကြီးမေးလိုက်လို့ ကြောင်သွားတာပါ"

ထိုစကားကြောင့် ချက်ချင်းပဲ လူကြီးရဲ့အကျီ-စကိုပြန်လွှတ်ပေးကာ မျက်နှာလွှဲလိုက်သည်။

"အဟား..! ကျွန်တော်က နောက်နေတာပါ..လူကြီးကျွန်တော့်ကိုချစ်တာ ကျွန်ဝောာ်သိတာပေါ့"

ရယ်မောရင်းပြောလာသော သွင်ငယ့်ရဲ့စကားကြောင့် ရင်ဘတ်တစ်နေရာက ဆစ်ခနဲပဲ။ ကျွန်တော် သူ့အပေါ် ရက်စက်သင့်ရဲ့လား။

"လူကြီးရဲ့ အိမ်ကလူတွေ ကျွန်တော်နဲ့ ရည်းစားဖြစ်နေတာသိကြလား"

ғᴀʟsᴇ ʀᴇᴠᴇɴɢᴇ ✓ [ Completed ]Donde viven las historias. Descúbrelo ahora