🍁17🍁

708 75 16
                                    

#အပိုင်း-၁၇

"မ..!"

ရုတ်တရက် ကြားလိုက်ရသည့် မောင့်ရဲ့အော်သံကြောင့် ကျွန်မတစ်ချက်ပြုံးလိုက်မိသည်။ မောင် ဒေါသထွက်နေတာလား..? ကျေနပ်နေတာလား..? စိတ်ဆိုးနေတာလား..?

အင်းးး အဲ့တာကဝောာ့ မောင်ပြောမှပဲ သိရတော့မှာ။

"မောင်ရယ် အလန့်တကြားနဲ့ ဘာဖြစ်လာတာလဲ"

"မ'ဘယ်လိုလုပ်လိုက်တာလဲဗျာ...မ'ခုလုပ်လိုက်တဲ့ လုပ်ရပ်ကြောင့် မောင့်အစီအစဉ်တွေပျက်သွားနိုင်တယ် မ'ရဲ့"

အစီအစဉ်..? ‌သွင်မင်းငယ်ကို ချစ်ကြောင်း မြတ်နိုးကြောင်းတွေ ပြောဖို့စီစဉ်ထားတဲ့ အစီအစဉ်များလား‌ မောင်လို့ မေးလိုက်ချင်သည်။

"မောင်ရယ် Instagramမှာ မ'နဲ့ မောင်ရဲ့ နှစ်ယောက်တွဲပုံလေး နှစ်ပုံသုံးပုံတင်မိဝာာနဲ့ မောင့်အစီအစဉ်ပျက်မသွားနိုင်ပါဘူး"

ချစ်ရသူကိုလက်လွှတ်ဖို့က လူတွေပြောသလို မလွယ်လှဘူးမောင်။ ချစ်ရသူပျော်ရွှင်ဖို့အတွက် ရော့အင့်ဆိုပြီး သူများလက်ထဲ တန်းထိုးပေးရတာကိုလဲ ကျွန်မ မကြိုက်ဘူး။

ကျွန်မ မမှားဘူးထင်တာပဲ မောင်ရယ်။ ဘာလို့လဲဆိုတော့ မောင့်ကို ကျွန်မကအရင် စ'ချစ်ခဲ့ရဝာာလေ။ မောင်ကလဲ ကျွန်မကိုအရင် ချစ်ခဲ့တာပဲမဟုတ်လား။

မစိုးရိမ်ပါနဲ့မောင်။ ကျွန်မက အချိန်တစ်ခုရောက်ရင် မောင့်ဘ၀ထဲက အပြီးတိုင်ပျောက်ကွယ်သွားပေးမှာမို့ အဲ့ဒီမတိုင်ခင်မှာတော့ လူမုန်းခံရင်း ရက်စက်ခဲ့ပါရစေ။

"အဲ့ဒီ့ပုံတွေ သွင်ငယ်မြင်သွားရင် ဘယ်လိုလုပ်မလဲ"

"မြင်တော့ရော ဘာအရေးလဲ မောင်ရယ်..မဟုတ်မှလွဲရော မောင်မေ့နေတာလား..မနက်ဖြန် မ'ပေးထားတဲ့ အချိန် တစ်ပါတ်ပြည့်ပြီဆိုတာ"

အဟား..! မောင်က တကယ်ကိုမေ့နေခဲ့တာပဲ။ သွင်မင်းငယ်ဆိုတဲ့ ကောင်လေးက မောင့်စိတ်ကို တော်တော်ဖမ်းစားနိုင်ဝာာပဲ။

"မ'ပြောပြီးသားနော် မနက်ဖြန် သူ့ကို မောင်ခေါ်ခဲ့ရမယ်....မနက်ဖြန် မောင့်ရဲ့ညီမလေးအတွက် မ'အတတ်နိုင်ဆုံး တစ်စိတ်တစ်ပိုင်းကနေပြီး လက်စားချေပေးပါ့မယ်...နောက်ရက်တွေကတော့ မောင့်အလှည့်ပေါ့...မောင်ပျော်နေတယ်မလား...အဟင်း..! မောင်ပျော်မှာပါ"

ғᴀʟsᴇ ʀᴇᴠᴇɴɢᴇ ✓ [ Completed ]Nơi câu chuyện tồn tại. Hãy khám phá bây giờ