#အပိုင်း-၂၁
"မ'ဖုန်းလာနေတယ်...မ'ရဲ့ ဒယ်ဒီဆီက"
စည်သူတို့ထွက်သွားပြီးသည့်အချိန်ထိ မ'အနားမှာ နေပေးကာ မ'အိပ်ပျော်သည့်အချိန်ထိစောင့်ပေးနေတုန်း မ'ရဲ့ဖုန်းလေးက တုန်ခါလာသည်မို့ contactကိုကြည့်ကာ မ'ဆီလှမ်းပေးလိုက်မိသည်။
"ဒယ်ဒီ့ဆီက...?"
မ'ဟာ ဖခင်ဖြစ်သူထံက တစ်ခါမှ ဖုန်းမလာဘူး၍ အံ့ဩနေပုံပင်။ ပျော်ရွှင်မှုလေး ရောစပ်လျက် မျက်နှာလေးဟာ ပြုံးယောင်သန်းနေသေးသည်။
"မ' ဖုန်းပြောနှင့်နော် မောင်ဆေးရုံဆင်းဖို့အတွက် သွားမေးလိုက်ဦးမယ်"
မ' လွတ်လွတ်လပ်လပ်ဖုန်းပြောလို့ရအောင် တမင်ရှောင်ပေးကာ အခန်းထဲမှ ထွက်လာလိုက်သည်။ ထို့နောက်တွင်တော့ ဆေးရုံဆင်းဖို့ လိုအပ်သည်များကို ပြင်ဆင်ထားလိုက်သည်။
သွင်ငယ်တစ်ယောက် အဆင်မှပြေပါ့မလား။
ခေါင်းထဲကမည်မျှပင် ချစ်ရသူအကြောင်းထုတ်ထားသော်လဲ ပြန်လည်၀င်ရောက်လာသည့် သူ၏မျက်နှာလေးကြောင့် အမြဲထည့်တွေးနေရသည်။ သွင်ငယ်က ကျွန်တော့်ကို တစ်ကယ်ပြုစားထားတာပဲ။
-------
"ဟယ်လို ဒယ်ဒီ...ဟန်နီ့ဆီကို ဘာကိစ္စနဲ့ဖုန်းဆက်ရတာလဲ"
ဟန်နီသည် ဖခင်ဖြစ်သူထံမှ အလုပ်ကိစ္စကလွဲ၍ ဖုန်း၀င်မလာတတ်သည်ကြောင့် ယခုလဲထိုသို့လားဟူ၍ မရဲတရဲမေးလိုက်မိသည်။ သို့သော်လဲ ကြားလိုက်ရသည့် အဖြေကြောင့် မျက်လုံးလေးများအရောင်လတ်သွားရသည်။ ဖခင်ဖြစ်သူက မိမိကို စိတ်ပူနေလားဆိုသည့်အတွေးနှင့် ကျေနပ်နေတော့သည်။
(ဆေးရုံရောက်နေတာလား)
"ဒယ်ဒီဘယ်လိုသိတာလဲ"
(အဟင်း..! ငါနင့်ကို ဆေးရုံရောက်အောင်ပဲ လုပ်ခိုင်းလိုက်တာ နင်ကံကောင်းတယ်မှတ်ပါ)
"ဘယ်လို..ဒယ်..ဒယ်ဒီခိုင်းလိုက်တာလား"
သိသိသာသာပျက်ယွင်းသွားသည့်မျက်နှာနှင့်အတူ ဟန်နီမျက်ရည်များပင်ဝဲလာရသည်။
(ဟုတ်တယ်..ငါနင့်ကို ပါးပါးလေးပဲလုပ်ရသေးတာနော်..သားဖသံယောဇဉ်တွေဘာတွေ ငါနားမလည်ဘူး...ငါ့အလုပ်တွေကို နင်သေချာမလုပ်လို့ အပြစ်ပေးတဲ့သဘောပဲ...ပြီးတော့ နင်ခေါ်ပြီးစောင့်ရှောက်ထားတဲ့ ဟိုလမ်းဘေးကကောင်နဲ့လဲအဆက်အသွယ်မြန်မြန်ဖြတ်...ပြီးမှ ငါ့အဆိုးမဆိုနဲ့..ငါလုပ်ချင်ရင် အဲ့ကောင်အသက်ကလဲ တစ်ရက်မခံဘူး)
أنت تقرأ
ғᴀʟsᴇ ʀᴇᴠᴇɴɢᴇ ✓ [ Completed ]