#အပိုင်း-၂၈
"ဟန်နီ ဒီနေ့ပဲ ထွက်ခဲ့ပါ့မယ်"
အလုပ်ကိစ္စတစ်ခုကြောင့် ဒယ်ဒီဟာ ဂျပန်ကို ချက်ချင်းရောက်သွားရသည်။ ယခုလဲ အကူအညီလိုတာကြောင့် ဟန်နီ့ကိုလှမ်းခေါ်နေခြင်းပင်။
(မနက်ဖြန်မှလာခဲ့လဲ အဆင်ပြေတယ်..ငါအတင်းမပြောဘူး)
"ဟန်နီ ဒီနေ့ထွက်ခဲ့မယ်လို့ ပြောပြီးပြီလေ....ဒယ်ဒီ့ဆီ ဟန်နီရောက်လာရင်ပြီးပြီမဟုတ်လား..!"
(ခါတိုင်းအတင်းခေါ်ရင်တောင် အမြဲ အချိန်ဆွဲနေတဲ့သူက ခုကျမှ ဘယ်လိုဖြစ်တာလဲ...လမ်းဘေးကကောင်နဲ့ အဆင်မပြေဘူးထင်တယ်)
"မောင်နဲ့ဟန်နီ့ကိစ္စပြီးသွားတာအမှန်ပဲ ဒယ်ဒီ..ဒယ်ဒီ မောင့်ကို ထိခိုက်အောင်မလုပ်တာကိုလဲ ဟန်နီကျေးဇူးတင်တယ်..ဟန်နီ ဒယ်ဒီ့အလုပ်တွေကိုပဲ တစ်စိုက်မတ်မတ်လုပ်သွားပေးမယ်"
(အစကထဲက အဲ့လိုဖြစ်နေရမှာလေ...ငါ့ရဲ့သမီးက အမြင်မှန်ရတာ နောက်ကျလိုက်တာ)
"ဒယ်ဒီပြောစရာမကျန်တော့ရင် ဟန်နီဖုန်းချလိုက်တော့မယ်"
(အိုကေပါ သမီးလေးရေ..ဟားဟား..!)
ဖြစ်ချင်တာတွေဖြစ်ရင် သဘောခွေ့နေတတ်တဲ့ ဒယ်ဒီက ထိုအချိန်မှသာ ရွဲ့ပဲ့ရင်း သမီးဟုခေါ်သည်။ ခေါ်သည့်အခါတွင်လဲ စိတ်ထဲကပါ၍ခေါ်ခြင်းမဟုတ်မှန်းလဲ ဟန်နီသိသည်။
ဒယ်ဒီစိတ်ကျေနပ်အောင်လုပ်နိုင်ဖို့က ဒယ်ဒီ့စကားနားထောင်ပြီး ဒယ်ဒီ့အလုပ်တွေ ဝိုင်းကူဖို့တစ်ခုထဲ။ ဟန်နီ့ဘ၀ထဲက မောင့်ကိုလဲ ထုတ်လိုက်ရတော့မှာဖြစ်လို့ ဟန်နီ့မှာ တွယ်တာစရာ ဒယ်ဒီတစ်ယောက်သာ ကျန်တော့သည်။
ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ဟန်နီဟာ ဒယ်ဒီ့အတွက်ပဲ ရပ်တည်သွားတော့မယ်။ ဒယ်ဒီတစ်နေ့ ဟန်နီ့ကို နားလည်လာမှာပါ။ ဒယ်ဒီလဲ ဟန်နီ့ကို စိတ်ရင်းနဲ့ ချစ်လာမှာပါ။
---------💔𝐅𝐀𝐋𝐒𝐄 𝐑𝐄𝐕𝐄𝐍𝐆𝐄💔--------
အရှိန်ပြင်းစွာမောင်းနေသည့် စည်သူ့ကားလေးဟာ ဦးတည်ရာသို့ ခဏလေးအတွင်းရောက်လာခဲ့သည်။ အလောတကြီး ကားပေါ်က ဆင်းသွားသည့် ဓနအနောက် စည်သူလဲ အပြေးလိုက်ရတော့သည်။
ESTÁS LEYENDO
ғᴀʟsᴇ ʀᴇᴠᴇɴɢᴇ ✓ [ Completed ]