#အပိုင်း-၂၅
အိမ်ရောက်ရောက်ချင်းသိလိုက်ရသည့်အကြောင်းတွေကြောင့် စိတ်ထဲပူပင်လို့လာသည်။ ခေါင်းပေါက်ထားတဲ့ စည်သူ့ကိုပင် စိတ်ပူမပေးနိုင်။ သွင်ငယ်သူတို့နဲ့လိုက်ပါသွားမှာကို တွေးပူနေမိသည်။
ကိုယ်တိုင်က အနားကထွက်သွားစေချင်ပေမဲ့လဲ ခုတော့ဖြင့် သွင်ငယ် သူ့အိမ်ကိုပြန်သွားမှာကိုပင် ထိတ်လန့်နေရသည်။ အတည်တကျမရှိသည့် စိတ်ခံစားချက်ကြီးကိုမုန်းလိုက်တာ။
ဘယ်ဘ၀ကဝဋ်ကြွေးကြောင့်ရယ်တော့မသိ။ ချစ်ရသူနဲ့ကွေကွင်းနေရတာ တစ်ကယ်ကိုအဆင်မပြေလှ။ ခုကျွန်တော်လုပ်နေတဲ့အရာတွေကြောင့် အချိန်တန်ရင် ဖြစ်လာမဲ့ အဖြစ်အပျက်တွေက ကောင်းမှာမဟုတ်မှန်းလဲသိသည်။
သွင်ငယ်ရော ကျွန်ဝောာ်ရောအတွက် ကောင်းတာတစ်ခုမှဖြစ်လာမှာမဟုတ်ဘူးဆိုတာကို သိသိရက်နဲ့ ရှေ့ဆက်နေမိသည်။ သို့သော်လည်း သွင်ငယ်လွတ်မြောက်ဖို့အတွက် လုပ်ကိုလုပ်ရမယ်။
မျှော်လင့်ချက်လေးတစ်ခုကြောင့်ပါ။ သွင်ငယ် ကျွန်တော့်ကိုများ မုန်းသွားမလားဆိုတဲ့ မျှော်လင့်ချက်လေးကြောင့်။ သတ္တိကြောင်လွန်းတဲ့ ကျွန်တော့ကြောင့်လည်း ပါတာပေါ့။
ရင်နာနာနဲ့လုပ်နေတဲ့လုပ်ရက်တွေကြောင့် သွင်ငယ်ကျွန်တော့်ကို မုန်းသွားဖို့ကောင်းသည်။ တစ်ကယ်လို့ ဘာလုပ်လုပ် အပြစ်မမြင်နိုင်ဘဲ ထပ်ပြီးကပ်တွယ်နေရင် ဘယ်လိုလုပ်ရပါ့မလဲ။
ကျွန်တော်ပဲ ထပ်ပြီး ရင်နာရမယ်။ သွင်ငယ့်ကို စိတ်ဒဏ်ရာတွေပေးရကျိုးမနပ်ဝောာ့ဘူးလေ။
"လူကြီး...မလုပ်ပါနဲ့...ကျွန်တော်တောင်းပန်ပါတယ်"
ဟုတ်ပါရဲ့။ ဟိုတွေးဒီတွေးနဲ့ အချိန်ကိုတောင်မကြည့်မိဘူး။ မနက်နှစ်နာရီတောင်ကျော်နေပြီ။ သွင်ငယ့်အသံကြားမှပဲ အသိစိတ်ကပ်တော့တယ်။
မျက်လုံးတွေကို မှိတ်ပြီး အိပ်စက်မေ့မျောနေတာတောင်မှ ကိုယ့်အကြောင်းတွေးနေတုန်လား သွင်ငယ်ရယ်။ ရှုံ့မဲ့မဲ့နဲ့ဖြစ်နေလိုက်တာများ သွင်ငယ်အိပ်မက်ထဲ ကိုယ်ဘာတွေလုပ်မိလို့ပါလိမ့်။
VOCÊ ESTÁ LENDO
ғᴀʟsᴇ ʀᴇᴠᴇɴɢᴇ ✓ [ Completed ]