#အပိုင်း-၁
"သားငယ်လေး...မာမီ့သားငယ်လေး...ခုထိမထသေးဘူးလားကွယ်...ရှစ်နာရီတောင်ကျော်နေပြီကို"
ထူထပ်အိပျော့လှသော အဖြူရောင်မွေ့ယာကြီးထက် အဖြူရောင်ပန်းပွင့်ကလေးကဲ့သို့ ငြိမ်းချမ်းစွာအိပ်နေသော အသက်နှစ်ဆယ်ခန့်ရှိသည့် ကောင်လေးတစ်ယောက်အား မိခင်ဖြစ်သူမှ သာယာချိုအီသော အသံလေးဖြင့် နှိုးနေလေသည်။
"မောနင်း မာမီ"
ပန်းပွင့်ဖြူလေးဟာဖြင့် မှိတ်ကျနေသော မျက်၀န်းလေးကို ဖြေးညှင်းစွာဖွင့်ရင်း မိခင်ဖြစ်သူအား ပြုံးပြနှုတ်ဆက်လေသည်။
"ကဲ..သားငယ်လေး မျက်နှာသစ်၊ သွားတိုက်ဖို့အတွက် မာမီအားလုံး ပြင်ဆင်ထားပေးပီးပြီ...ပြီးရင်မနက်စာစားဖို့ အောက်ကိုဆင်းခဲ့တော့နော်"
"ဟုတ် မာမီ"
မိခင်ဖြစ်သူ အခန်းထဲက ထွက်သွားသည်နှင့်တစ်ပြိုင်နက် ပန်းပွင့်ဖြူလေးဟာ ကုတင်ပေါ်မှ ကုန်းရုန်းထရင်း သန်းဝေနေပြန်သည်။ ထို့နောက်သန်းဝေရင်းနှင့်ပင် ရေချိုးခန်းထဲ ၀င်သွားလေတော့သည်။
ခဏအကြာမှာတော့ ရေချိုးခန်းထဲက ပြန်ထွက်လာသော ပန်းပွင့်ဖြူလေးအနားသို့ တူညီ၀တ်စုံနှင့် သန်သန်မာမာ ယောကျာ်းသားနှစ်ယောက် ရောက်လာလေသည်...။
"သခင်လေး မနက်စာ အဆင်သင့်ဖြစ်ပါပြီ"
ပန်းပွင့်ဖြူလေးဟာ မည်သည့် တုံ့ပြန်မှုမျှမပေးဘဲ အခန်းထဲမှ ထွက်သွားလေသည်။ အဖြူရောင်၀တ်စုံနှင့် လူနှစ်ယောက်ဟာလဲ ပန်းပွင့်ဖြူလေးနောက်ကပင် ထက်ကြပ်မကွာ လိုက်သွားလေသည်။
"မောနင်း သားငယ်"
"မောနင်း ဒယ်ဒီ"
လှေကားပေါ်မှ ဆင်းဆင်းချင်းပင် ဖခင်ဖြစ်သူ၏ နှုတ်ဆက်မှုကြောင့် ပန်းပွင့်ဖြူလေး၏ လှပသောအပြုံးများနှင့်အတူ ပြန်လည် နှုတ်ဆက်သံလေးဟာ ထွက်ပေါ်လာတော့သည်။
"သားငယ် ဘာလို့ ဒီနေ့နောက်ကျနေရတာလဲ"
ပန်းပွင့်ဖြူလေးဟာ ဖခင်ဖြစ်သူ၏အမေးကိုမဖြေခင်၊ ဖခင်ရှိရာသို့သွားလျက် ပါးပြင်အား တစ်ချက်နမ်းရှိုက်ပြစ်လိုက်လေသည်။ မိခင်ဖြစ်သူအားလည်း ထိုသို့ပင် နမ်းရှိုက်လေသည်။
VOUS LISEZ
ғᴀʟsᴇ ʀᴇᴠᴇɴɢᴇ ✓ [ Completed ]