#အပိုင်း-၁၈
သားဖြစ်သူရဲ့လုပ်ရပ်ကြောင့် မိဘနှစ်ပါးလုံး စိတ်သောကရောက်နေကြရသည်။ သားဖြစ်သူကတော့ ချစ်ရသူရင်ခွင်ထဲ ပျော်နေလောက်ရောပေါ့။
"ယောက်ျား သားငယ်ကို သားငယ်ရဲ့လူကြီးက တစ်ကယ်မချစ်ဘဲ ဘာလို့ခေါ်သွားရတာလဲဟင်"
သွင်မင်းငယ်အနောက်ကိုလိုက်သွားသော ကိုးကြောင့် သားဖြစ်သူဟာ ဓနအိမ်သို့ ရောက်သွားသည့်သတင်းကို သိရှိရတာဖြစ်သည်။
"သူ သားငယ်ကိုချစ်ရင်လဲချစ်နေမှာပေါ့..မိန်းမလဲသိပါတယ် သားငယ်ဆေးရုံတက်ရတုန်းက သူဘယ်လောက်စိတ်ပူနေခဲ့လဲဆိုတာ"
"ဒါပေမဲ့ ယောက်ျားရယ်-"
"ခဏလောက်လွှတ်ထားပေးရအောင်..ကိုယ်တို့အခြေအနေစောင့်ကြည့်လို့ရတာပဲလေကွာ..သားငယ်အဆင်မပြေဘူးဆိုတာနဲ့ ကိုယ်တို့အတင်းပြန်ခေါ်ကြမယ် ဟုတ်ပြီလား"
ဖခင်တစ်ယောက်အနေနှင့် သားဖြစ်သူအပေါ် အတင်းအကြပ်တွေလုပ်မိတာကြောင့် ယခုအချိန်မှသာ နောင်တရနေမိတော့သည်။ ပြေပြေလည်လည်မေးမြန်းရင်း စီစဉ်ခဲ့လျှင် အခုလို သားဖြစ်သူနှင့် ခွဲခွာရမည်မဟုတ်ဟုတွေးတောရင်း မိမိကိုယ်မိမိသာ အပြစ်တင်နေတော့သည်။
"ကိုး..ငါမင်းတို့အကူအညီကိုပဲ ယူရတော့မှာပေါ့ကွာ..သားငယ်ကို သေချာလေးစောင့်ကြည့်ပေးကြပါကွာ နော်"
"ကျွန်တော်တို့ သေချာစောင့်ကြည့်ပေးပါ့မယ် သခင်ကြီး..ပြီးတော့တောင်းပန်ပါတယ်"
ကိုး မျက်အိမ်မှ မျက်ရည်များကျလာရသည်။ ကြမ်းပြင်ပေါ်ဒူးထောက်ချရင်း ခေါင်းငိုက်စိုက်နေသည့်ကိုးဟာ တစ်သိမ့်သိမ့်တုန်နေသည်အထိကို ငိုရှိုက်နေတာဖြစ်သည်။
စိုင်းအပါအ၀င် သခင်ကြီးကပါ အကြောင်းအရင်းမသိသည်ကြောင့် စိုးရိမ်စွာအနားကိုကပ်သွားမိတော့ ငိုသံစွက်နေသော အသံဖြင့် ကိုးဟာ ထပ်မံတောင်းပန်သည်။
"တောင်းပန်ပါတယ်..အစကထဲက သခင်လေးနဲ့ပတ်သက်နေတဲ့သူရဲ့အကြောင်းကို မသိခဲ့လို့..အချိန်လွန်မှ စုံစမ်းခဲ့မိလို့ ခုလိုတွေဖြစ်ရတာပါ..ကျွန်ဝောာ့်အပြစ်ပါ.."
أنت تقرأ
ғᴀʟsᴇ ʀᴇᴠᴇɴɢᴇ ✓ [ Completed ]