#အပိုင်း-၇
"မောင်..!"
စည်သူနှင့်အတူ တွဲရင်း အိမ်ထဲ၀င်လာသောမောင်ဟာ ခြေထောက်တစ်ဖက်မှာ ပတ်တီးအဖွေးသားနှင့်။
"မောင် ဘာဖြစ်လာတာလဲ..!"
မောင့်ဆီအပြေးသွားရင်း ကူတွဲပေးကာ မေးမိတော့ မောင်ဟာပြုံးပြလေသည်။
"ဘာမှမဖြစ်ပါဘူး မ'ရဲ့...ဆိုင်ကယ်လဲဝာာ"
"အစ်မဟန်နီ..သူပြောတာမယုံနဲ့...အဲ့ကောင် သွင်မင်းငယ်နဲ့ ရင်းနှီးဖို့ဆိုပြီး စွန့်စားလာတာ"
"မောင်ရယ် ဒီလောက်ထိလုပ်ဖို့လိုလို့လား...မတော်လို့ အခြေအနေဆိုးတဲ့အထိ ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ"
ဆိုဖာပေါ်ရောက်တဲ့အထိ သေချာတွဲခေါ်သွားပေးရတဲ့ မောင်ဟာ အပြုံးမပျက်။
"အဟား..! အခြေအနေဆိုးရင် ပိုဝောာင် ရင်းနှီးသွားမလားပဲ"
"အခြေအနေကောင်းလား"
စည်သူဟာ ဓနကို ကြည့်လျက် စိုးရိမ်စွာမေးလေသည်။
"ခြေထောက်နဲနဲနာနေယုံပါမယ် မဆိုးပါဘူး"
"အဲ့တာကိုမေးနေတာမဟုတ်ဘူးကွ...သွင်မင်းငယ်နဲ့အခြေအနေ"
"အော်..အဟင်း..!
လွယ်လိုက်တဲ့ကောင်ကွာ..ငါ့ကိုခေါ်တာများ လူကြီးတဲ့ အဟား..ဟားဟား..!"ဟက်ဟက်ပက်ပက်ကိုရယ်နေတဲ့ ဓနဟာ သွင်မင်းငယ်အား သွင်ငယ်လို့ သူခေါ်တာကိုတော့ ထည့်မပြောခဲ့။
"မောင် အခန်းထဲမှာ သွားနားမလား..မ'လိုက်ပို့ပေးမယ်"
"အကောင်းဆုံးပဲပေါ့ဗျာ"
ဓနကိုအခန်းဆီတွဲခေါ်သွားပေးတဲ့ ဟန်နီတော့မသိ၊ ကျန်နေခဲ့တဲ့ စည်သူမှာတော့ ဟက်ဟက်ပက်ပက်ရယ်နေတဲ့ ဓနမျက်၀န်းထဲမှ ဝမ်းနည်းမှု၊ နာကျင်မှု တစ်ချို့ကို တွေ့လိုက်ရသည်။
"လျှံပြည့်ဓနတို့ ပျော့ညံ့နေပြီပဲ...အင်းလေ သွင်မင်းငယ်ဆိုတာကလဲ တွေ့သမျှလူကိုပျော့ညံ့အောင် လုပ်နိုင်စွမ်းရှိတဲ့သူပဲကို"
စည်သူ့စိတ်ထဲ ဤပွဲတွင် ဓနရှုံးလိမ့်မည်ဟုသာ တစ်ထစ်ချတွေးထားမိလေသည်။ ဟန်နီအတွက် စိတ်မကောင်းပေမဲ့လဲ ဒီပွဲကိုစဖို့ ဟန်နီကိုယ်တိုင်ကပဲ တိုက်တွန်းခဲ့သည်မဟုတ်လား။
STAI LEGGENDO
ғᴀʟsᴇ ʀᴇᴠᴇɴɢᴇ ✓ [ Completed ]