#အပိုင်း-၃
မ'က ကျွန်တော့်ရဲ့အရာရာ။ မ'ကသာ ကျွန်တော့်ဘေးနားရှိမနေပေးရင် ကျွန်တော်လဲ လောကကြီးထဲမှာ ခုချိန်ရှိနေတော့မှာမဟုတ်ဘူး။
မီးလေးမရှိတော့တဲ့အချိန်က စပြီး ကျွန်တော့်အနာဂတ်တွေ လုံးလုံးပျောက်သွားရသည်။ နယ်ဘက်က မိဘမဲ့ကျောင်းလေးကနေ ငယ်ငယ်ကထဲက ချစ်ခင်ခဲ့ရသည့် မီးလေးနဲ့အတူ မြို့ကြီးကို တက်လာပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ဖို့ စဉ်းစားထားခဲ့သည်။
အကျိုးမပေးသည်ကတော့ ကားလမ်းပေါ်က အရုပ်လေးတစ်ခု။ လိုချင်စိတ်နဲ့ သွားကောက်ချင်နေတဲ့ မီးလေးကို တားနေသော်လဲမရ၊ အတင်းပြေးကာ သွားကောက်လေသည်။
လမ်းကလဲ ရှင်းနေသည်။ Taxiစောင့်နေသည်မို့ လူကလဲ လမ်းဘေးမှာသာ။ အရုပ်ကိုကောက်ပြီးပြန်လာနေတဲ့ မီးလေးဆီကို ကားတစ်စီးက အတင်း၀င်လာသည်။
အရှိန်မသေတာမို့ ချက်ချင်းဆိုသလို မီးလေး ကိုယ်ငယ်လေးဟာ ကားပေါ်ထိတောင် လွင့်စင်သွားရသည်။ လမ်းမပေါ်ကို ပြန်ကျလာတော့လဲ အရှိန်နှင့်မို့ မီးလေး အတော်နာသွားရှာမှာ။
နှုတ်ခမ်းပါးလေးကသာ အနည်းငယ်လှုပ်နေခဲ့ပြီး၊ ဘယ်လောက်နာကျင်နေမလဲဆိုတာ သွေးတွေနှင့် မျက်ရည်တွေက သက်သေပင်။
ထိုaccidentမှာ လမ်းပေါ်တက်နေတဲ့ မီးလေးမှားတယ်။ လမ်းရှင်းတာပဲဆိုပြီး ပစ်ထားမိတဲ့ ကျွန်တော်လဲမှားတယ်။ ဒါပေမဲ့ဗျာ အကူအညီတောင်းနေတာ၊ သူ့ကိုအပြစ်မပြောပဲ အကူအညီတောင်းနေတာကို မစာမနာ ကားမောင်းပြီးထွက်ပြေးသွားတဲ့ သူကပိုမှားတယ်မဟုတ်လား။
အဲ့ကိစ-တွေ ပြန်တွေးမိတိုင်း အဲ့ဒီ အောက်တန်းစား၊ လူယုတ်မာကို ပိုပိုမုန်းပြီး ဒေါသထွက်ရသည်။ ချက်ချင်း ရော့အင့်ဆိုပြီး ကားနဲ့အသေပြန်တိုက်သတ်ပြစ်ချင်ပေမဲ့ မ' ကပြောသည်။
"ချက်ချင်းကြီးသတ်ပြစ်လိုက်ရင် သူခဏပဲ အသားနာသွားမှာ..အနားမှာခေါ်ထားပြီး သေချင်စိတ်ပေါက်အောင်အထိ ညှင်းပန်းနှိပ်စက်ပြီးမှ ရှင်းပြစ်လိုက်" တဲ့လေ။
မ'က ကျွန်ဝောာ့်ခံစားချက်ကို နားလည်သည်။ ကျွန်ဝောာ့်နေရာမှာ ၀င်၍ပင် ခံစားပေးသည်။ ကျွန်တော့်ကိုလဲ လိုလေသေးမရှိထားသည်။ မ'က ကျွန်တော့် အုပ်ထိန်းသူဆိုလဲ မမှား၊ ကျွန်တော့်ချစ်ရသူဆိုလဲ မမှား။ ကျွန်တော့်အား အလုပ်လုပ်ချင်သည်ကိုပင် မလုပ်ခိုင်းခဲ့။ မ'သည် သူ၏ အသက်နှင့်ပင် ခြိမ်းခြောက်ထားကာ အလုပ်မလုပ်စေခဲ့။
CZYTASZ
ғᴀʟsᴇ ʀᴇᴠᴇɴɢᴇ ✓ [ Completed ]